■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 27 September 2024

■  လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက် 

ဗယ်လာဒိုလစ် - မာယော့ကာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁:၃၀ နာရီ)

ဗယ်လာဒိုလစ်ရဲ့ အိမ်ကွင်းခံစစ်ကစားပုံကမာတယ်။ ဒါပေမဲ့ တိုက်စစ်ကအားနည်းနေလို့ မာယော့ကာလိုအသင်းရဲ့ခံစစ်ကိုကျော်ဖြတ်နိုင်ရေးအခက်အခဲရှိနေဦးမှာသေချာတယ်။ မာယော့ကာကလည်း ခံစစ်မာပေမယ့် တိုက်စစ်ပိုင်းကအားနည်းနေသေးပြီး အဝေးကွင်းမှာဆို ပိုသိသာတယ်။ ဒါပေမဲ့ အမှတ်ရဖို့တော့ ရုန်းကန်လာမှာပါ။ ဂိုးနည်းသရေပဲ မှန်းထားချင်တယ်။



■ စီးရီးအေပွဲစဉ် (၆)  ပွဲကြိုသုံးသပ်ချက် 

အေစီမီလန် - လက်ချီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁:၁၅ နာရီ)

အေစီမီလန်က ရာသီအစ နိုင်ပွဲတွေပျောက်ဆုံးခဲ့ပေမဲ့ နောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲရယူခဲ့တယ်။ မီလန်ဒါဘီနိုင်ပွဲက သူတို့အတွက် ချိုမြိန်ခဲ့ပြီး ချီးကျူးချင်စရာပုံစံလည်း ပြနိုင်ခဲ့တယ်။ လက်ချီကတော့ တိုက်စစ်ပိုင်းအားနည်းပါတယ်။ နောက်ဆုံးပွဲကျမှ ပါးမားကို (၂)ဂိုးသွင်းနိုင်ခဲ့ပြီး ယုံကြည်လို့ရတဲ့ အခြေအနေလည်း မဟုတ်သေးဘူး။ မီလန်မြေမှာ အေစီမီလန်ဂိုးပြတ်နိုင်လိမ့်မယ်။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၅)  ပွဲကြိုသုံးသပ်ချက် 

ဒေါ့မွန် - ဘိုဟုမ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁:၀၀ နာရီ)

ဒေါ့မွန်အသင်း ရှုံးပွဲစတွေ့ထားပြီး အမှတ်ပေးဇယားမှာလည်း အဆင့်(၈)နေရာအထိ ကျဆင်းသွားခဲ့တယ်။ ဘိုဟုမ်က အမှတ်စရထားပေမဲ့ ဒေါ့မွန်ကို မယှဉ်နိုင်လောက်ဘူး။ ဒေါ့မွန် ဂိုးပြတ်ဖို့များတယ်။



■ ပြင်သစ်လီဂူးပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

အော်ဇေး - ဘရက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၇ ရက် ည ၁၁:၃၀ နာရီ)

 အော်ဇေးကတန်းဆင်းဇုန်ကရုန်းထွက်ဖို့ကြိုးစားနေတဲ့အသင်းပါ။ လက်ရှိခြေစွမ်းအရဆိုရင်လည်း ဘရက်စ်ရဲ့တည်ငြိမ်မှုက ပိုသာပါတယ်။ အော်ဇေး အမြင့်ဆုံး သရေပဲမျှော်လင့်နိုင်မယ်။



PSG - ရန်းစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် နံနက် ၁:၁၅ နာရီ)

ပြီးခဲ့တဲ့ ပွဲစဉ် (၅)မှာ Reims ကိုသရေကျခဲ့လို့ PSG ရဲ့ရာနှုန်းပြည့်အနိုင်မှတ်တမ်းရပ်တန့်သွားခဲ့တယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲမှာ နိုင်ပွဲပြန်ယူဖို့ကြိုးစားလာဦးမှာဖြစ်ပြီး အဆင့် (၂၊ ၃) နေရာတွေက မာဆေးလ်၊ မိုနာကိုအသင်းတွေရဲ့ဖိအားပေးမှုကြောင့်လည်း အမှားမခံစတမ်းယှဉ်ပြိုင်ကြဦးမှာပါ။ PSG အသင်းက အိမ်ကွင်းမှာဆို အမှားအယွင်းနည်းပြီး တိုက်စစ်ကလည်း တစ်ပွဲပျမ်းမျှ (၃.၄) ဂိုးထိသွင်းယူထား တာပါ။ လန်းစ်ကတော့ ပါရီမြေမှာ အမှတ်ရဖို့ခက်ခဲနိုင်ပြီး ခံစစ်ပိတ်ဆို့ကစားဖို့ပဲ ပြင်ဆင်လာပါလိမ့်မယ်။ PSG နိုင်ပွဲပြန်ယူမယ်။ ဂိုးလည်းများမယ်။

Most Read

Most Recent