ရိုးမားအသင်းကို ပိုင်ဆိုင်ထားသည့် အမေရိကန်စီးပွားရေးလုပ်ငန်းစု Friedkin Group အဲဗာတန်အသင်းအား ဝယ်ယူရန် သဘောတူညီမှုရရှိ

ရိုးမားအသင်းကို ပိုင်ဆိုင်ထားသည့် အမေရိကန်စီးပွားရေးလုပ်ငန်းစု Friedkin Group အဲဗာတန်အသင်းအား ဝယ်ယူရန် သဘောတူညီမှုရရှိ
Photo: The New York Times
Photo: The New York Times
Published 25 September 2024

 

စီးရီးအေကလပ် ရိုးမားအသင်းကို ပိုင်ဆိုင်ထားသည့် အမေရိကန်စီးပွားရေးလုပ်ငန်းစု Friedkin Group သည် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းအား ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Friedkin Group ကို အမေရိကန်ဘီလျံနာ ဒန်ဖရိုက်ကင်က ဦးဆောင်နေခြင်းဖြစ်ပြီး ၎င်းသည် ပေါင် (၅.၇)ဘီလီယံဝန်းကျင် ကြွယ်ဝချမ်းသာသူဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြထားသည်။ အဲဗာတန်အသင်းကို လက်ရှိအချိန်တွင် ဗြိတိန်- အီရန် လုပ်ငန်းရှင် ဖာဟက်မိုရှီရီက ပိုင်ဆိုင်ထားပြီး ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသည့်အတွက် ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဲဗာတန်အ သင်းသည် ပရီးမီးယားလိဂ်မှ တန်းမဆင်းဖူးသေးသည့် အနည်းငယ်သော အသင်းစာရင်းတွင် ပါဝင်နေသော်လည်း ဘဏ္ဍာရေးပြဿနာကြောင့် ပြီးခဲ့သည့်ရာသီ၌ အမှတ်လျှော့ပြစ် ဒဏ်နှင့် ရင်ဆိုင်ခဲ့ရသလို၊ ယခုရာသီတွင်လည်း အမှတ်လျှော့ပြစ်ဒဏ် ထပ်မံချမှတ်ခံရနိုင်ကြောင်း ထင်ကြေးပေးမှုများ ရှိနေသည်။

ထို့ကြောင့် ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းရမည့်အခြေအနေဖြစ်လာသောကြောင့် မိုရှီရီက ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Friedkin Group သည် မိုရှီရီပိုင်ဆိုင်ထားသည့် ရှယ်ယာ(၉၄%)ကို ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်၏ ခွင့်ပြုလက်ခံမှုကို စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent