■ လိဂ်ဖလား (Carabao Cup) တတိယအဆင့် ပွဲကြိုသုံးသပ်ချက်

■ လိဂ်ဖလား (Carabao Cup) တတိယအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: Man City
Photo: Man City
Published 24 September 2024

◘ မန်စီးတီး - ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၁၅ နာရီ)

မန်စီးတီးအသင်းက အိမ်ကွင်း(၂)ပွဲဆက်တိုက် သရေကျထားခဲ့တယ်။ အခုပွဲက အာဆင်နယ်နဲ့ပွဲ Line-up မှာပါတဲ့ ကစားသမားတွေ အားလုံးနီးပါး အနားပေးဖို့ရှိပေမဲ့ ကိုဗာချစ်၊ ဖိုဒန်၊ ဂရီးလစ်ရှ်၊ စတုန်းစ်၊ လူးဝစ်၊ နူးနက်စ်၊ မက္ကတီးတို့  ကစားဖို့ ရာခိုင်နှုန်းများလို့ အင်အားတောင့်တင်းနေဆဲပါပဲ။ မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့ရာသီက တတိယအဆင့်မှာပဲ နယူးကာဆယ်ကို အရေးနိမ့်ပြီး ထွက်ခဲ့ရတဲ့အဖြစ်မျိုး ထပ်အဖြစ်ခံမှာ မဟုတ်တော့ပါဘူး။ ဝက်ဖို့ဒ်ကတော့ လိဂ်ချန်ပီယံရှစ်မှာ Play-off ကြိုးပမ်းရမယ့် အဆင့်ပဲ ရှိပါတယ်။ မန်စီးတီးပဲ ကြိုက်တယ်။

◘ ချယ်လ်ဆီး - ဘာရိုး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၁၅ နာရီ)

ကစားသမားပေါလျှံတဲ့ ချယ်လ်ဆီးအသင်းအဖို့ ဒီလိုပွဲမျိုးက စိတ်ကြိုက်စမ်းသပ်ဖို့ ဖြစ်လိမ့်မယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ League Two ကလပ်ကို ဂိုးသွင်းလေ့ကျင့်တဲ့ပွဲမျိုး ဖြစ်လာမှာပါ။ ချယ်လ်ဆီးဘက်ကပဲ ရပ်တည်ချင်တယ်။

◘ ဝဲဆောလ် - လက်စတာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၁၅ နာရီ)

လက်စတာအသင်း ပရီးမီးယားလိဂ်ကနေ တန်းပြန်မဆင်းရရေးကိုပဲ အဓိကအာရုံစိုက်မယ်ထင်တယ်။ League Two ကလပ်နဲ့ လက်စတာအသင်းအကြား အဆင့်ချင်းကွာပေမဲ့ လက်စတာ ဂိုးပြတ်အနိုင်မရလောက်ဘူး။

◘ ၀ိုင်ကမ်ဘီ - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၃၀ နာရီ)

အက်စတွန်ဗီလာအနေနဲ့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အဓိကပြိုင်ပွဲနှစ်ခုကိုပဲ အာရုံစိုက်ဖို့များတာကိုတော့ သတိပြုရမယ်။ အဆင့်ချင်းကွာပေမဲ့ League One ကလပ် ၀ိုင်ကမ်ဘီကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။

Most Read

Most Recent