ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 21 September 2024

လေဗာကူဆင် နှင့် ဝုလ်ဖ်ဘတ်

ဝုလ်ဖ်ဘတ်အသင်းက ဒီရာသီ(၃)ပွဲမှာ (၂)ပွဲ အရေးနိမ့်ထားပေမဲ့ စွမ်းဆောင်ရည်တော့ မဆိုးပါဘူး။ အိမ်ကွင်းအဖွင့်ပွဲမှာ လိုက်ပ်ဇစ်ကို အရေးနိမ့်ထားလို့ လေဗာကူဆင်ဂုဏ်သိက္ခာ ပြန်ဆယ်ရမယ်။ လေဗာကူဆင်ပဲ ကြိုက်တယ်။

စတုဂတ် နှင့် ဒေါမွန်

ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါနှစ်ကျော့အပြင် ဂျာမန်ဖလားမှာလည်း တွေ့ဆုံခဲ့ပြီး စတုဂတ်အသင်းက သုံးပွဲစလုံး အနိုင်ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ စတုဂတ်ရဲ့အမာခံတွေထဲက ဂီဟာဆီနဲ့ အန်တွန်တို့ကို အရခေါ်ယူလိုက်နိုင်ခဲ့ တယ်။ စတုဂတ်အသင်းကလည်း အဓိကကစားသမားတချို့ လက်လွှတ်ထားရပေမဲ့ သိပ်တော့ပုံမပျက်သွားဘူး။ ရီးယဲလ်မက်ဒရစ်နဲ့ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာဆို စတုဂတ်အသင်း အတော်လေး ဒုက္ခပေးနိုင်ခဲ့တာ တွေ့ရတယ်။ စတုဂတ်က အိမ်ကွင်း(၁၃)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားတယ်။ ဒေါ့မွန်အသင်း သရေထက် မပိုလောက်ဘူး။

ဆန့်ပေါ်လီ နှင့် လိုက်ပ်ဇစ်

အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားခဲ့ရလို့ လိုက်ပ်ဇစ်ပွဲပန်းနေနိုင်တယ်။ တန်းတက်ကလပ် ဆန့်ပေါ်လီကလည်း သုံးပွဲစလုံး ရှုံးထားတဲ့အသင်းပါ။ လိုက်ပ်ဇစ်ပဲ နိုင်ဖို့များတယ်။

Most Read

Most Recent