နိုင်ငံတဝန်း ရေဘေးသင့်သူ ခြောက်သိန်း သုံးသောင်းကျော်ရှိပြီး ရာနှင့်ချီသေဆုံးကာ အများအပြားပျောက်ဆုံးနေဟု UNOCHA Myanmar  ထုတ်ပြန်

နိုင်ငံတဝန်း ရေဘေးသင့်သူ ခြောက်သိန်း သုံးသောင်းကျော်ရှိပြီး ရာနှင့်ချီသေဆုံးကာ အများအပြားပျောက်ဆုံးနေဟု UNOCHA Myanmar  ထုတ်ပြန်
Published 18 September 2024

■ နိုင်ငံတဝန်း ရေဘေးသင့်သူ ခြောက်သိန်း သုံးသောင်းကျော်ရှိပြီး ရာနှင့်ချီသေဆုံးကာ အများအပြားပျောက်ဆုံးနေဟု UNOCHA Myanmar  ထုတ်ပြန်

■ ရန်ပုံငွေအားနည်းသဖြင့် ရေကြီးမှုများအတွက် အကူအညီများပေးရာတွင် နှောင့်နှေးနေဟု UN ဆို



နိုင်ငံတဝန်း ရေဘေးသင့်သူ ခြောက် သိန်း သုံးသောင်းကျော်ရှိပြီး ရာနှင့်ချီ သေဆုံး ကာ အများအပြားပျောက်ဆုံးနေကြောင်း UNOCHA Myanmar  က ထုတ်ပြန်သည်။

တိုင်ဖွန်း ယာဂိ၏ နောက်ဆက်တွဲ မိုး သည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေ ကြီးခြင်းကြောင့် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့်  ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း တို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ ၅၉ မြို့နယ်ကို ထိခိုက်ခဲ့သည်ဟု UNOCHA Myanmar  က ထုတ်ပြန်သည်။

လက်ရှိတွင် သတင်းအချက်အလက်များ အတည်ပြုနိုင်ရန် အခက်အခဲများရှိနေသော် လည်း နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်း ခြေ ၆၃၁၀၀၀ ဦးခန့် ရှိကာ ရာနှင့်ချီ၍ သေ ဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံး လျက်ရှိကြောင်း သတင်းရင်းမြစ်များအရ သိရကြောင်း၊ ဘေးလွတ်ရာရွှေ့ပြောင်းခြင်း နှင့် အရေးပေါ် အကူအညီပေးခြင်းများ ဆက် လက်လုပ်ဆောင်လျက်ရှိကြောင်း၊ အခက် အခဲများ ရှိနေသော်လည်း လူသားချင်း စာနာ မှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ထိခိုက်မှု များကို စတင်သတင်းပေးပို့လျက်ရှိပြီး၊ အခြေ အနေပေးသည်နှင့်အမျှ တုံ့ပြန်ရေးလုပ်ငန်း များ စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း UNOCHA Myanmar  က ထုတ်ပြန်သည်။

ထို့ပြင် တိုင်ဖွန်းရာဂိကြောင့် ဒေသအ များအပြားတွင် ရေကြီးရေလျှံကာ ပျက်စီးမှု များရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရုံး ပြောခွင့်ရသူ   STÉPHANE DUJARRIC    က ပြောကြားကြောင်း ဗွီအိုအေ သတင်းတွင် ဖော်ပြထားသည်။

ရေဘေးသင့်သူများအတွက် အစားအ စာ၊ ရေ၊ သန့်ရှင်းရေးနှင့် အခြားအရေးတကြီး လိုအပ်မှုများကို ကူညီထောက်ပံ့ပေးနေပြီး ရံပုံငွေ လိုအပ်ချက်များရှိကာ ကူညီရေးလုပ် ငန်းတွေနှောင့်နှေးနေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူက ဆက် လက်ပြောဆိုသည်။

လူသားချင်းစာနာကူညီမှုအစီအစဉ်များ အတွက် ဒေါ်လာ ၉၉၄ သန်းလိုအပ်နေပြီး ယင်းငွေကြေးအနက် ၂၅ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၂၅၂ သန်းသာ ရရှိထားသဖြင့် ရံပုံ ငွေများ အရေးတကြီး လိုအပ်နေကြောင်းပြော ခွင့်ရသူက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီ အထိ ကောက်ယူရရှိသော စာ ရင်းများ အရ သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံး သူ ၇၇ ဦး ရှိပြီး တိရစ္ဆာန်မျိုးစုံ တစ်သိန်းနှစ် သောင်း ကျော် သေဆုံးကာ စိုက်ဧက ခြောက် သိန်းကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့ နယ် ၅၆ မြို့နယ်တွင် လူနေအိမ် ၂၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင်နစ် မြုပ်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ရေဘေးကယ် ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၁၀ ဦးတို့ကို တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက အချိန် နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ် ပြန်ထားသည်။

 

Most Read

Most Recent