ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photos: AFP
Photos: AFP
Published 17 September 2024

ဘိုလော့ဂ်နာ - ရှက်တာဒိုးနက် (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)

ဘိုလော့ဂ်နာက ပြီးခဲ့တဲ့ရာသီက သီယာဂိုမော့တာနဲ့အ တူ ခြေစွမ်းပြခဲ့ပေမဲ့ ဒီရာသီမှာတော့ အခြေအနေ ပြန်ဆိုးနေ တယ်။ အားထားရတဲ့ နောက်ခံလူ ကာလာဖီအိုရီကိုလည်း ရောင်းထုတ်ခဲ့ပြီးနောက် ခံစစ်က ပုံစံကောင်းမပြနိုင်ဘူး။ ရှက် တာဒိုးနက်ကလည်း ယူကရိန်းလိဂ်မှာ ရှုံးတစ်လှည့်၊ နိုင်တစ် လှည့်ဖြစ်နေပါတယ်။ သရေကျဖို့ များတယ်။

ကလပ်ဘရုဂေး - ဒေါ့မွန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဘရုဂေးက ဘယ်လ်ဂျီယံ ပြည်တွင်းလိဂ်မှာ အမှတ်ပေး ဇယား ထိပ်ဆုံးကဦးဆောင်နေတယ်။ ရလဒ်တွေကလည်း ရာ သီအစမှာတင် အတော်လေးကောင်းနေတယ်။ ဒေါ့မွန်ကလည်း ဘွန်ဒစ်လီဂါမှာ တာထွက်လှနေတဲ့အသင်းပါ။ အတွေ့အကြုံ နဲ့ ခြေအရည်အသွေးကွာပေမဲ့ အဝေးကွင်းဖြစ်နေလို့ ဒေါ့မွန် ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ နိုင်ပွဲတော့ရမယ်။

မန်စီးတီး - အင်တာမီလန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဆုံတွေ့ခဲ့တဲ့ အသင်းနှစ်သင်းပါ။ အဲဒီ ဗိုလ်လုပွဲမှာ မန်စီးတီးအသင်း က အနိုင်ရဗိုလ်စွဲခဲ့ပေမဲ့ ဂွါဒီယိုလာရဲ့အသင်းကို ဆီမြွန်နီအင်ဇာဂီရဲ့ အင်တာမီလန်က တော်တော်လေးအခက်တွေ့စေခဲ့ တာတွေ့ရတယ်။ အခုအချိန်မှာလည်း အင်တာမီလန်က ပုံစံကောင်းမှာ ရှိနေဆဲအသင်းဖြစ်ပြီး အင်ဇာဂီရဲ့အသင်း ကစားပုံက  တော်တော်လေးစနစ်ကျတာ တွေ့ရတယ်။ မန်စီးတီးကတော့ အခုအချိန်မှာလည်း ဥရောပရဲ့အကောင်းဆုံးတန်းမှာရှိနေတဲ့ အသင်းဖြစ်ပြီး အင်တာမီလန်ကိုလည်း ဖေးဘရိတ်အနေအထားနဲ့ ရင်ဆိုင်ဦးမှာပါ။ လိဂ်မှာ ဂိုးမြူးနေတဲ့ဟော်လန်းကို ချန်ပီယံ လိဂ်မှာ စောင့်ကြည့်ရမှာဖြစ်တယ်။ အီတီဟတ်မှာဖြစ်လို့ မန်စီးတီး နိုင်ပွဲယူမယ်။

PSG - ဂျီရိုနာ (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ကစားသမားကောင်းတွေ ဆုံးရှုံးလိုက်ရတဲ့ ဂျီရိုနာက ဒီ ရာသီမှာတော့ အခြေအနေ သိပ်မကောင်းဘူး။ နောက်ဆုံးကစား ခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ဘာစီလိုနာအသင်းကို ဂိုးပြတ်ရှုံး သွားခဲ့တာ တွေ့ရတယ်။ PSG က ပုံစံသစ်နဲ့ ချီတက်နေပြီး ကစား ပုံ ပိုကောင်းလာတယ်။ အသင်းတစ်သင်းပိုဆန်လာပြီး တိုက်စစ် ပိုင်းကလည်း တော်တော်အလုပ်ဖြစ်တယ်။ ဒီရာသီမှာလည်း နိုင် ပွဲဆက်နေတာတွေ့ရတယ်။ အိမ်ကွင်းမှာတော့ ဂျီရိုနာကို အနိုင် ယူဖို့ မခက်ပါဘူး။

အခြားပွဲစဉ်များ

==============

စပါတာပရပ်ဂ် - ဆာလ်ဇ်ဘာ့ဂ် (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)

ဆဲလ်တစ် - ဆလိုဗန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

 

Most Read

Most Recent