အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် ပလောင်အဖွဲ့ (TNLA) သိမ်းယူထားသော မြို့နယ် ၁၀ မြို့နယ်တွင် ရှမ်းလူမျိုးနှင့် ဗမာလူမျိုး အများဆုံး နေထိုင်ကြသော်လည်း TNLA က အိမ်ထောင်စုစာရင်းများကို တအာင်းဘာသာဖြင့် ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်မှုများရှိနေ

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် ပလောင်အဖွဲ့ (TNLA) သိမ်းယူထားသော မြို့နယ် ၁၀ မြို့နယ်တွင် ရှမ်းလူမျိုးနှင့် ဗမာလူမျိုး အများဆုံး နေထိုင်ကြသော်လည်း TNLA က အိမ်ထောင်စုစာရင်းများကို တအာင်းဘာသာဖြင့် ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်မှုများရှိနေ
ကျောက်မဲမြို့အဝင် မုဒ်ဦးတွင်  အကြမ်းဖက် အဖွဲ့ဖြင့် ကြေညာထားသည့် TNLA အဖွဲ့ ဝင်များကို တွေ့ရစဉ်
ကျောက်မဲမြို့အဝင် မုဒ်ဦးတွင် အကြမ်းဖက် အဖွဲ့ဖြင့် ကြေညာထားသည့် TNLA အဖွဲ့ ဝင်များကို တွေ့ရစဉ်
Published 17 September 2024

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့်ပလောင်အဖွဲ့ (TNLA) က သိမ်းယူထားသော မြို့နယ် ၁၀ မြို့ နယ်တွင် ရှမ်းလူမျိုးနှင့် ဗမာလူမျိုး အများဆုံး နေထိုင် ကြသော်လည်း TNLA က အိမ်ထောင်စုစာ ရင်းများကို တအာင်းဘာသာဖြင့် ပြန်လည် ပြင်ဆင်ရန် လုပ်ဆောင်မှုများရှိနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

MNDAA ၊ TNLA နှင့် AA တို့အား အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ယခုနှစ် စက်တင်ဘာ ၂ ရက်တွင် ကြေညာထားခြင်းလည်း ဖြစ်သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA )က ထိန်းချုပ်သည့် မြို့နယ်များအတွင်း နေထိုင်သူများ၏ အိမ်ထောင်စုစာရင်းများကို တအာင်းဘာသာဖြင့် ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း ဒေသခံအချို့က ပြောကြားသည်။

ထိုသို့ အိမ်ထောင်စုစာရင်း (အရပ်အခေါ် သန်းခေါင်စာရင်း) များကို ပြင်ဆင်ရာ တွင် တအာင်းလူမျိုးများ အဓိကနေထိုင်သည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နမ့် ဆန်နှင့် မန်တုံမြို့နယ်တို့တွင်သာမက ၎င်းတို့ သိမ်းပိုက်ထားသော အခြားမြို့နယ်များတွင် လည်း အိမ်ထောင်စုစာရင်းအား ပြင်ဆင်ရန် ရှိ မရှိကိုမူ သိရှိရခြင်း မရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၁) ၌  TNLA က နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေ့ါ မြို့တို့အား သိမ်းပိုက်ထားပြီး ယခုနှစ် ဇွန်၂၅ ရက်က ပြန်လည်စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအပိုင်း အပိုင်း (၂) တွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုး မိတ်အစရှိသောမြို့နယ်များကို ထိန်းချုပ်နိုင် ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိ ရသည်။

၎င်းတို့ သိမ်းယူထားသော မြို့နယ်များ အနက် နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ တွင် ပလောင်လူမျိုး အများဆုံး နေထိုင်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်သည့် နမ့်ဆန်မြို့နယ်တွင် ပလောင်လူမျိုး  ရာခိုင်နှုန်း ၉၀ နေထိုင်ပြီး မန်တုံမြို့နယ်တွင်  ပလောင်လူမျိုး ၇၀ ရာခိုင်နှုန်းနှင့် ကချင်လူမျိုး ၁၂ ရာခိုင်နှုန်းခန့် အများဆုံးနေထိုင်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

TNLA က ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် (၂) အတွင်း မြို့အားဖြင့် ၁၂ မြို့ သိမ်း ယူနိုင်ခဲ့သည်ဆိုသော်လည်း မြို့နယ်အနေ ဖြင့် ၁၀ မြို့နယ်သာ ရှိသည်။

ထို့ပြင် TNLA နှင့် MDY PDF ပူးပေါင်း အဖွဲ့က သိမ်းယူထားသည့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ  ပလောင်လူမျိုး နေထိုင်သည့်စာရင်းတွင် ပါဝင် လာခြင်း မရှိသည်ကို တွေ့ရသည်။ 

မိုးကုတ်မြို့နယ်တွင် ဗမာလူမျိုး ၄၂ ရာခိုင်နှုန်း၊ ကချင်လူမျိုး ၂၁ ရာခိုင်နှုန်းနှင့်  ရှမ်းလူမျိုး ၁၉ ရာခိုင်နှုန်းဖြင့် အများဆုံးနေ ထိုင်ပြီး ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်လူ မျိုးတို့မှာမူ ရာခိုင်နှုန်းအနည်းငယ် နေထိုင် ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် TNLA က သိမ်းယူထားသည့်  နမ္မတူမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊  ကွတ်ခိုင်မြို့ နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ သီ ပေါမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင်မူ ပလောင်လူမျိုးမှာ ရာခိုင်နှုန်းအားဖြင့် အ နည်းငယ်မျှသာ နေထိုင်ကြသည်။

ထို့ကြောင့် TNLA က သိမ်းယူထား သည့် မြို့နယ်များတွင် အိမ်ထောင်စုစာရင်း များကို တအာင်းဘာသာဖြင့် ပြန်လည်ပြင် ဆင်ရန် ဆောင်ရွက်နေကြောင်း သတင်းထွက် ပေါ်လာမှုနှင့်ပတ်သက်၍ ယင်းမြို့နယ်များ ၌ နေထိုင်သည့် အခြားသော တိုင်းရင်းသားလူမျိုးများက ဘာသာစကားအခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။

“ပလောင်တွေက သူတို့ သိမ်းထားတဲ့ မြို့တွေမှာ တအောင်းဘာသာနဲ့  လဝက စာရင်းတွေ ပြင်မယ်။ ပြီးရင်သူတို့ တအောင်းဘာသာကို အဓိကဘာသာအဖြစ် လုပ်ဖို့ ဒေသခံ တွေကို ဖိအားပေးတာတွေ လုပ်လာမယ့် သဘောရှိတယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံရဲ့ သန်း ၅၀ ကျော်ရှိတဲ့ လူဦးရေမှာ တစ်သန်းတောင် မရှိတဲ့ ပလောင်က သူတို့ဘာသာကို ဒီလိုလုပ်မယ်ဆိုတဲ့ ပြင်ဆင်မှုတွေက ဗမာ၊ ရှမ်းစတဲ့ အခြားတိုင်းရင်းသားတွေကြားမှာ ပြဿနာ ဖြစ်စေနိုင်တယ်။ သူတို့ သိမ်းထားတဲ့ မိုးကုတ်၊ နောင်ချို စတဲ့ဒေသတွေမှာ ပလောင်က ဘယ် လောက်ရှိမှာမို့လို့လဲ။ ဗမာက ၅၀ ရာခိုင်နှုန်း၊ ရှမ်းကလည်း ၄၀ ရာခိုင်နှုန်းလောက်၊ ပလောင်က ၁၀ ရာခိုင်နှုန်းတောင် မရှိတဲ့ ဒေသတွေမှာ ပလောင်က သူတို့ တအောင်းဘာသာ စကားကို အဓိကလုပ်မယ်ဆိုရင် အခြားလူမျိုး တွေနဲ့ ပဋိပက္ခ ဖြစ်သွားမှာပေါ့။ သူတို့က မန္တလေးထိ သိမ်းပိုက်ဖို့ ပြောနေတာတွေရှိ တယ်။ တရုတ်က တိုက်ပွဲတွေရပ် ဖို့ သူတို့ကို ဖိအားပေးပေမဲ့ တောင်ခမ်းဘက်မှာ ပလောင် က တိုက်ပွဲဖော်နေတာ လချီကြာနေပြီ။မန္တလေး လို နေရာမျိုးမှာ ပလောင် ဘယ်လောက်ရှိမှာ မို့လဲ။ မန္တလေးကို သိမ်းမယ်။ သူတို့ ဘာသာ စကားကို အဓိက အသုံးပြုမယ်ဆိုတဲ့ ပြောနေ သံတွေက ရယ်စရာ ဖြစ်နေတယ်။ လူတစ်သန်း တောင် မရှိတဲ့ ပလောင်တွေက ဗမာနဲ့ ရှမ်း တွေ အဓိကနေတဲ့ မြို့တွေမှာ တအောင်းဘာ သာကို အိမ်ထောင်စုစာရင်းတွေ၊ လဝကစာ ရင်းတွေမှာ ပြောင်းဖို့လုပ်တာဟာ ဒီလူမျိုး တွေကြားမှာ ပဋိပက္ခကို ဖန်တီးသလိုဖြစ်နေ စေလိမ့်မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

အလားတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဝင်များသည့် MNDAA အဖွဲ့သိမ်းယူးထား သည့် လားရှိုးမြို့နယ်တွင် ရှမ်းလူမျိုး ၃၀ ရာခိုင်နှုန်း၊ ဗမာလူမျိုး ၁၈ ရာခိုင်နှုန်းနေထိုင် ကြပြီး ကိုးကန့်လူမျိုး ၂၃ ရာခိုင်နှုန်းခန့်နှင့် ပလောင်လူမျိုး ၉ ရာခိုင်နှုန်း နေထိုင်ကြသည်။

TNLA အဖွဲ့သည် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှမြို့များ အပါအဝင် မြို့အချို့ကို သိမ်းယူခဲ့သည်။

တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် နေပြည်တော်သို့ သြဂုတ် ၁၄ ရက်က လာရောက်ခဲ့ပြီး  နစကဥက္ကဋ္ဌနှင့် တွေ့ဆုံရာ တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲမှုကို အခိုင်အမာထောက်ခံပြီး ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏ တိုက်ခိုက်မှုဖြစ်စဉ်များကို ဆန့်ကျင်ကြောင်း ထည့်သွင်းပြောကြားမှုရှိခဲ့သည်။

ယင်းနောက် တပ်မတော်နှင့် မြောက် ပိုင်းအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးနိုင်ရေး တရုတ်နိုင်ငံဘက်မှ ဆက်လက်ကြိုးပမ်းနေပြီး ယင်းသို့ကြိုးပမ်းလျက်ရှိချိန်တွင် တရုတ်နိုင်ငံ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ထံ သြဂုတ် ၂၉ ရက်တွင် စာပေးပို့ခဲ့ပြီး TNLA အနေဖြင့်  တိုက်ပွဲများကို ချက်ချင်းရပ်တန့်ကာ မြန်မာမြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် အေး ချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်းနှင့် ဖြစ်ပေါ်သည့်အကျိုးဆက် များ အားလုံးကို TNLA အဖွဲ့ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ကြောင်း ရွှေလီမြို့ နိုင်ငံတော် လုံခြုံရေးကော်မတီ၏ စာတွင်ဖော်ပြခဲ့သည်။

ထိုသို့ တရုတ်နိုင်ငံ တိုက်ပွဲများ ရပ်တန့် ရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း TNLA အဖွဲ့အနေဖြင့် လက်ရှိအချိန်ထိ နောင်ချိုမြို့နယ်ရှိ တပ်မတော်၏ အမြောက် တပ်စခန်းများကို တိုက်ခိုက်လျက်ရှိသဖြင့် တပ်မ တော်နှင့်  TNLA အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

Most Read

Most Recent