ရန်ကုန်တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း ထူးကဲဒီရေတက်မည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အသိပေး

ရန်ကုန်တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း ထူးကဲဒီရေတက်မည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အသိပေး
Published 17 September 2024

ရန်ကုန်တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း ထူးကဲဒီရေတက်မည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါရက်များအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ ဒသမ ၁၁ ပေခန့်မှ ၂၁ ဒသမ ၇၂ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယခင် ၂၀၁၄- ၂၀၁၅ ခုနှစ်များအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေခန့်အထိ မြင့်တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၁၀ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားသည်။

မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း မိုးများခြင်းမရှိပါက ဒီရေတက်သော်လည်း စိုးရိမ်စရာမရှိကြောင်း အသိပေးထားသည်။

“ရန်ကုန်ကို ဘယ်မြစ် ဘယ်ချောင်းတွေက ရေလာမလဲ အရင် စဉ်းစားပါ။ အနောက်ဘက်မှာ လှိုင်မြစ်ရှိတယ် ရေတက်နေတယ်။ အလယ်ခေါင်မှာ ငမိုးရိပ်ချောင်းရှိတယ်။ အများကြီးမတက်သေးဘူး။ ပဲခူးမြစ်ရေနဲ့ စစ်တောင်းတူးမြောင်းက လာမဲ့ရေ ပဲခူးမြစ်ထဲရောက်မယ်။သံလျှင်ဘက်အခြမ်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်လို နေရာတွေတော့ မြေနိမ့်ရင် ရေတက်နိုင်မယ်။ မိုးမများရင် ၁၇ ရက်နဲ့ ၂၁ ရက်အတွင်း ဒီရေတက်လဲ မှုစရာမရှိပါ။ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယနိုင်ငံကုန်းတွင်းထဲ ဝင်ပြီး မြန်မာပြည်နဲ့ ဝေးသွားတော့မဲ့ အချိန်ဖြစ်လို့ လက်ရှိဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဆိုလဲ ရွာနိုင်မဲ့ မိုးကစက်တင်ဘာ ၂၃ ရက်အထိမများနိုင်တော့ပါ" ဟု ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။

Most Read

Most Recent