ရေစတင်၀င်ရောက်ပြီးနောက်ဆုံးမှရေကျသည့် ခွန်ဆာ၀င်းအောင့်ချိုင့် တွင် တစ်မြို့လုံးမှစီးမျောလာသော အမှိုက်သရိုက်များ၊ရွှံနွံများတင်ကျန်ရစ်ကာ သုံးရက်ကြာသည်ထိ ရှင်းလင်းရေးပြုလုပ်နေရဆဲ

ရေစတင်၀င်ရောက်ပြီးနောက်ဆုံးမှရေကျသည့် ခွန်ဆာ၀င်းအောင့်ချိုင့် တွင် တစ်မြို့လုံးမှစီးမျောလာသော အမှိုက်သရိုက်များ၊ရွှံနွံများတင်ကျန်ရစ်ကာ သုံးရက်ကြာသည်ထိ ရှင်းလင်းရေးပြုလုပ်နေရဆဲ
Published 16 September 2024

 မြ၀တီ မြို့သို့ သောင်းရင်းမြစ်ရေ စတင်၀င်ရောက်ပြီး နောက်ဆုံးမှရေပြန်ကျသော အမှတ်(၂)ရပ်ကွက်၊ခွန်ဆာ၀င်းအောင့်ချိုင့် တွင် တစ်မြို့လုံးမှစီးမျောလာသော အမှိုက်သရိုက်များ၊ရွှံနွံများတင်ကျန်ရစ်ကာ သုံးရက်ကြာသည်ထိ ရှင်းလင်းရေးပြုလုပ်နေရဆဲဟုသိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး၊မိုးရေနှင့်အတူတောင်ကျချောင်းရေများစုပေါင်း စက်တင်ဘညာ၁၀ရက်နေ့မှစ၍သောင်ရင်းမြစ်ရေသည် မြ၀တီ မြို့ နေရာအများအပြား ရေလွှမ်းခဲ့ပြီး စက်တင်ဘာလ ၁၂ရက်နေတွင် ရေပြန်လည်ကျသွားခဲ့သည်။

သောင်ရင်းမြစ်ရေသည် ခွန်ဆာ၀င်းအောက်ချိုင့်မှ မြ၀တီမြို့တွင်းသို့ ရေစတင်၀င်ရောက်ခြင်းဖြစ်သလို ရေကျချိန်တွင်လည်း နောက်ဆုံး ဖြစ်သည့်အတွက် တစ်မြို့လုံးမှစီးမျောလာသောအမှိုက်များနှင့်ရွှံနွံများကို ရှင်းလင်းနေရဆဲဖြစ်သည်ဟု ကူညီရေးဆောင်ရွက်နေသူတစ်ဦးကပြောသည်။

မြ၀တီဖောင်ဒေးရှင်း လူမှုကူညီရေးပရဟိတအဖွဲ့သည် ရေကျသည့်နေ့မှစ၍ ထွန်စက်၊ဘက်ဟိုး၊မြေသယ်ကားများဖြင့်  ရပ်ကွက်အလိုက် ရွှံနွံ ၊အမှိုက် ရှင်းလင်းရေးဆောင်ရွက်လျှက်ရှိကာ စက်တင်ဘာလ၁၅ ရက်နေ့တွင် ခွန်ဆာ၀င်းအောင့်ချိုင့် လမ်းများကိုရှင်းလင်းရေးဆောင်ရွက်ခြင်း၊ရပ်ကွက်နေပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ခွန်ဆာ၀င်းအောင့်ချိုင့်သည် ကူညီကယ်ဆယ်ရေးလာရောက်မှုအားအနည်းဆုံးဖြစ်ကာ ယနေ့ စက်တင်ဘာ၁၆ ရက်နေ့  ညနေ၃နာရီခန့် တွင် ပတ္တမြားမယ်စက်သုံးဆီအရောင်းဆိုင်မှ ရပ်ကွက်အတွင်းနေထိုင်သူများအား ဆန်နှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အတူ (၁၅.၉.၂၀၂၄)ရက်နေ့တွင် မြဝတီမြို့၊ တံတား(၂)အနီး သဘာဝရိပ်သာရှိ ဘိုးဘွားများနှင့် အမှတ်(၄)ရပ်ကွက်၊ ဓမ္မရောင်ခြည်စာသင်တိုက်ရှိ သံဃာတော်များ၊ ကိုရင်လေးများအား မြဝတီဖောင်ဒေးရှင်းမှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုပေးခဲ့ကြောင်းလည်းသိရသည်။

Most Read

Most Recent