ဒေါ်လာပုံစံ FEC ကဲ့သို့သော ငွေကြေးများကို အကောင်ထည်ဖော်မည်ဆိုသော သတင်းများသည် မှန်ကန်မှုမရှိဟု ဗဟိုဘဏ် ပြောကြား

ဒေါ်လာပုံစံ FEC ကဲ့သို့သော ငွေကြေးများကို အကောင်ထည်ဖော်မည်ဆိုသော သတင်းများသည် မှန်ကန်မှုမရှိဟု ဗဟိုဘဏ် ပြောကြား
Published 12 September 2024

ဒေါ်လာပုံစံ FEC ကဲ့သို့သော ငွေကြေးများကို အကောင်ထည်ဖော်မည်ဆိုသော သတင်းများသည် မှန်ကန်မှုမရှိကြောင်း ဗဟိုဘဏ်က ပြောကြားသည်။

လူမှုကွန်ယက်ပေါ်တွင် ဒေါ်လာပုံစံ FEC ကဲ့သို့ ငွေကြေးများ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော်မည်ဆိုသော သတင်းများ ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ “အဆိုပါသတင်းများသည် မှန်ကန်မှုမရှိကြောင်း အသိပေးအပ်ပါသည်” ဟု ဗဟိုဘက်က စက်တင်ဘာ ၉ ရက်တွင် ပြောကြားထားသည်။

ဒေါ်လာပုံစံ FEC ကဲ့သို့ ငွေကြေးများ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၅ ကျပ်တန်၊ ၁၀ ကျပ်တန်၊ ၅၀ ကျပ်တန် စသည်ဖြင့် အမျိုးအစားသုံးမျိုး လျာထားသည်ဆိုသော သတင်းများသည် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေကြောင်း သိရသည်။

ပြည်တွင်းသို့ ဝင်ရောက်လာသော ဒေါ်လာငွေကြေးများအား မသမာသူများထံ မရောက်စေရန်နှင့် ပြည်တွင်းနိုင်ငံခြားငွေ ဖူလှုံစေရန်အတွက်ဖြစ်ပြီး ၁ ဒေါ်လာတန်ကြေးသည် အသစ်ထုတ်ဝေမည့် ငွေကြေးနှင့် တန်ဖိုးတူတူပင်ဖြစ်ပြီး ပြည်တွင်းဒေါ်လာသုံးစွဲသူများရောင်းဝယ်သူများအား ထိရောက်စွာအရေးယူနိုင်ဖို့ ရည်ရွယ်ထား၍ ထုတ်ဝေခြင်းဖြစ်ကြောင်းလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းသို့ ကုန်း/ရေ/လေကြောင်းလမ်းမှ ဝင်ရောက်လာမည့် နိုင်ငံခြားသား (သို့) ပြည်ပထွက်အလုပ်လုပ်နေသူများအား ဒေါ်လာ ၁၀၀၀ မှစတင်၍ လဲလှယ်နိုင်အောင် ဆောင်ရွက်ပေးမည််ဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေကြောင်း သိရသည်။

Most Read

Most Recent