မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သဖြင့် လက်ရှိတွင် UEC က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၅၂ ပါတီ ရှိလာ

မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သဖြင့် လက်ရှိတွင် UEC က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၅၂ ပါတီ ရှိလာ
Published 10 September 2024

မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သဖြင့် လက်ရှိ တွင် ပြည်ထာင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၅၂ ပါတီအထိ ရှိလာပြီဖြစ်ကြောင်း UEC က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန် သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာ ယာရပ်ကွက်၊ (၁၉)လမ်း၊ အိမ်အမှတ်(၁၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မွန်ညီ ညွတ်ရေးပါတီ (Mon Union Party) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှစ၍ နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင် စုရွေးကောင်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ယင်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၅၂ ဖြစ် ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ဆက်လက် တည်ထောင်မှတ်ပုံ တင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီ ၅၀ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥ ပဒေ ပုဒ်မ ၃ အရ တည်ထောင်ခွင့်လျှောက် ထားသည့် နိုင်ငံရေးပါတီ ၁၇ ပါတီ စုစုပေါင်း ၆၇ ပါတီ ရှိကြောင်း စက်တင်ဘာ ၃ ရက်တွင် UEC က ထုတ်ပြန်ထားသည်။

ယင်းပါတီများအနက် တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ သုံးပါတီ နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် နိုင်ငံ ရေးပါတီ ရှစ်ပါတီ စုစုပေါင်း ၁၁ ပါတီအား ဥပဒေနှင့်အညီ ငြင်းပယ်ခဲ့ပြီးဖြစ်ကြောင်း UEC က ပြောကြားထားသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်အထိ UEC က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေး ပါတီများမှာ (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂) မြန်မာပြည်သူ့ဒီမိုကရက် တစ်ပါတီ၊ (၃) ဒီမိုကရေစီပါတီသစ် (ကချင်)၊ (၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ (၅) တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ (၆) ရခိုင့်ဦးဆောင်ပါတီ၊ (၇) တိုင်းလျန် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၈) ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီ၊ (၉) ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ၊ (၁၀) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ (၁၁) မြိုတိုင်းရင်းသားပါတီ၊ (၁၂) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ (၁၃) ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ (၁၄)အခါအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ၊ (၁၅) အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ (၁၆) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ (၁၇) ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ၊ (၁၈) ကရင်ပြည်သူ့ပါတီ၊ (၁၉) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ (၂၀) နာဂအမျိုးသားပါတီ၊ (၂၁) ဓနုတိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီပါတီ၊ (၂၂) ပြည်သူ့ ရှေ့ဆောင်ပါတီ၊ (၂၃) အမျိုးသားနိုင်ငံရေးဒီ မိုကရက်တစ်ပါတီ၊ (၂၄) အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ (၂၅) ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ၊ (၂၆) ပြည်သူ့အလုပ်သ မားပါတီ၊ (၂၇) မြန်မာနိုင်ငံ တောင်သူလယ်သ မား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂၈) ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ (၂၉) ဒီမိုကရက်တစ်ပါတီ၊ (၃၀) ဒီမိုကရက်တစ်အင် အားစုလေဘာပါတီ၊ (၃၁) အမျိုးသမီးပါတီ (မွန်)၊ (၃၂) မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ (၃၃) အမျိုးသားဒီမိုကရေစီပါတီသစ်၊ (၃၄) အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ (၃၅) “၀” အမျိုးသားပါတီ၊ (၃၆) ခူမီးအမျိုး သားပါတီ၊ (၃၇) အမျိုးသားနိုင်ငံရေးအားမာန် သစ်ပါတီ၊ (၃၈) ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ (၃၉) ပြည်ထောင် စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ (၄၀) မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သ မား ပြည်သူ့ပါတီ၊ (၄) ခေတ်သစ်ပြည်သူ့ပါတီ၊ (၄၂) လေဘာပါတီ၊ (၄၃) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ (၄၄) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန် မာနိုင်ငံ) ပါတီ၊ (၄၅) ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ (၄၆) လူထုပါတီ၊ (၄၇) ပြည်သူ့ပါတီ၊ (၄၈) မွန်တိုး တက်ရေးပါတီ၊ (၄၉) ငြိမ်းချမ်းရေးအကျိုး ဆောင်ပါတီ၊ (၅၀) မတူကွဲပြားခြင်းနှင့် ငြိမ်း ချမ်းရေးပါတီ၊ (၅၁) ကချင်ပြည်နယ်ပြည်သူ့ ပါတီနှင့် (၅၂) မွန်ညီညွတ်ရေးပါတီတို့ ဖြစ်ကြ သည်။ 

သို့သော် UEC အနေဖြင့် ရှမ်းပြည်ကိုး ကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် နို ဝင်ဘာ ၂၀ ရက် တွင်လည်းကောင်း၊ မြိုတိုင်း ရင်းသားပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်၌လည်းကောင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့သောကြောင့် မှတ်ပုံတင်ခွင့်ပြု ထားသည့်ပါတီ ၅၂ ပါတီရှိသော်လည်း တည် ဆဲနိုင်ငံရေးပါတီ ၅၀ သာ ကျန်ရှိကြောင်း သိ ရသည်။

 

Most Read

Most Recent