ကစားသမားဘဝကို ကယ်တင်ရန်အတွက် မန်ယူအသင်းမှထွက်ခွာရန် ရပ်ရှ်ဖို့ဒ်အား အသင်းဂန္ထဝင် နစ်ကီဘတ် တိုက်တွန်း 

ကစားသမားဘဝကို ကယ်တင်ရန်အတွက် မန်ယူအသင်းမှထွက်ခွာရန် ရပ်ရှ်ဖို့ဒ်အား အသင်းဂန္ထဝင် နစ်ကီဘတ် တိုက်တွန်း 
Photo: X
Photo: X
Published 5 September 2024

မန်ယူဂန္ထဝင် နစ်ကီဘတ်က အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အနေဖြင့် ကစားသမားဘဝကို ကယ်တင်ရန်အတွက် မန်ယူအသင်းမှထွက်ခွာရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ် ရပ်ရှ်ဖို့ဒ်သည် မန်ယူအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းအတွက် (၉) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၃၀၆) ပွဲတွင် (၁၃၁) ဂိုးသွင်းယူထားသည်။

သို့သော် ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက် နောက်ဆုံးပြိုင်ပွဲစုံ ပွဲ (၅၀) တွင် (၉) ဂိုးသာ သွင်းယူထားနိုင်ပြီး ယခုရာသီတွင်လည်း တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးပေ။

ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း ရလဒ်ဆိုးရွားချိန်တိုင်း ထိပ်ဆုံးမှ ဝေဖန်ခံနေရသူလည်း ဖြစ်သည်။

talkSPORT တွင် ရပ်ရှ်ဖို့ဒ် ခြေစွမ်းကျဆင်းမှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ နစ်ကီဘတ်က ''ဘယ်လိုဖြစ်လဲတော့ ကျွန်တော် မသိပါဘူး။ သူ့အသက် (၈)နှစ်၊ (၉)နှစ်လောက်ကတည်းက ကျွန်တော် သူ့ကို သိခဲ့တာဆိုတော့ အခုလိုမြင်ရတာ ဝမ်းနည်းမိပါတယ်။ သူ့အပေါ် ဝေဖန်မှုတွေရှိနေပေမဲ့ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နိုင်သူလို့ ကျွန်တော် ယုံကြည်နေဆဲပါ။ သူ့စိတ်ပိုင်း ဘယ်လိုဖြစ်နေလဲ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါပေမဲ့ သူ့မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်နိုင်တဲ့ ပါရမီရှိပါတယ်။ ဒါပေမဲ့ မန်ယူမှာတော့ မဖြစ်နိုင်ပါဘူး။ သူ့အနေနဲ့  အသင်းပြောင်းဖို့လိုနေတယ်လို့ ထင်ပါတယ်။ သူ့ကို အချိန်လုံးစောင့်ကြည့်ပြီး မဝေဖန်မယ့် နေရာကို သွားသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent