မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူကုန်ကူးမှုများတွင် ပါဝင်သော “ဒါတက်ဆရီ” ဘွဲ့ အပ်နှင်းခံထားရသူတစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့ရှာဖွေ

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူကုန်ကူးမှုများတွင် ပါဝင်သော “ဒါတက်ဆရီ” ဘွဲ့ အပ်နှင်းခံထားရသူတစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့ရှာဖွေ
Published 4 September 2024

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူကုန်ကူးမှုများတွင် ပါဝင်သော “ဒါတက်ဆရီ” ဘွဲ့အပ်နှင်းခံထားရသူတစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း Bernama သတင်းဌာနက ဖော်ပြခဲ့ပြီး အဆိုပါ လူကုန်ကူးမှုတွင်အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ ပါဝင်ပတ်သက်နေသည်ဟုဆိုသည်။

နိုင်ငံရေးသမားတစ်ဦးနှင့်၎င်း၏ခင်ပွန်း တို့အပါအဝင် လူပုဂ္ဂိုလ်သုံးဦးထံမှ ထွက်ဆို ချက်များကို လက်ရှိအချိန်အထိ ရရှိထားပြီး ဖြစ်သည်ဟု ရဲချုပ် တန်ဆရီရာဇာရူဒင်ဟူဆိန် က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က မေးမြန်းဖို့အတွက် နောက်ထပ်လူတစ်ဦးကို လတ်တလောမှာ ရှာဖွေနေပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး     ဆောင်းပါးရှင်သုံးဦးကိုလည်းကျွန်တော်တို့ ဆင့်ခေါ်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။

“လူမှောင်ခိုကူးမှုနဲ့သက်ဆိုင်တဲ့ ဥပဒေ အပိုဒ်ခွဲ ၁၂ ၊ ရွှေ့ပြောင်း မှောင်ခိုသွင်းမှု တိုက်ဖျက်ရေးဥပဒေဖြစ်တဲ့ ၂၀၀၇ အက်ဥပ ဒေတို့အရ စုံစမ်းစစ်ဆေးတာကို လုပ် ဆောင်နေပါတယ်” ဟု ၎င်းက Bernama သတင်းဌာနကို ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးတစ်ဦးလည်းဖြစ်သော နိုင်ငံရေးသမားသည် မြန်မာနိုင်ငံ၌  လှုပ်ရှားနေသော အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှုဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကိုင်နေသူဖြစ်သည်ဟူသော သတင်းသည် သြဂုတ် ၂၈ ရက်တွင် ထွက်ပေါ်ခဲ့သည်။

ခင်ပွန်းသည်နှင့်အတူ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးသည် ယင်းကုမ္ပဏီတွင် အကြီးတန်းလုံခြုံရေးတာဝန်ရှိသူများအဖြစ် အရေးပါသော ရာထူးများကို ရယူထားပြီး ၂၀၂၀ ပြည့်နှစ် စောစောပိုင်းကတည်းက ပါဝင်ပတ်သက်နေခဲ့သည်ဟု ယုံကြရကြောင်း မလေးရှား အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှုအဖွဲ့(MHO) အထွေထွေအတွင်းရေးမှူး ဒါတက်ဟစ်ရှမာဒင်ဟာရှင်က ပြောကြားခဲ့သည်။

ယင်းအဖွဲ့၏ဗီဒီယိုသည် မကြာသေးမီက youtube တွင် ပြန့်သွားခဲ့ပြီး အတင်းအကျပ် စေခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို မှောင်ခိုကူးခြင်း၊ လူသတ်မှုကျူးလွန်ခြင်းတို့အပါအဝင် လူကုန်ကူးမှုလုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း လုပ်ကိုင်နေသော ယင်းအဖွဲ့၏သားကောင်များမှာ င်ဒိုနီးရှားနိုင်ငံသားအများအပြား ဖြစ်သည်ကို ယင်းဗီဒီယိုတွင် မြင်တွေ့ခဲ့ရသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

 

Most Read

Most Recent