ဟာလန်းမရှိတဲ့ အားနည်းချက်

ဟာလန်းမရှိတဲ့ အားနည်းချက်
Photos: X
Photos: X
Published 4 September 2024
Wai Yan Aung

ပရီးမီးယားလိဂ် ရာသီအဖွင့် ၃ ပွဲမှာ ၇ ဂိုးအထိ သွင်းယူနိုင်တဲ့ ကစားသမားက ဟာလန်း တစ်ယောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့်လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်းကို တားဆီးလို့ မရနိုင်တော့ဘူးလို့ ဆိုခဲ့တာပါ။ ဟာလန်းကို မတားဆီးနိုင်တာဟာ မန်စီးတီးကို မတားဆီးနိုင်တာနဲ့လည်း အတူတူပါပဲ။ မန်စီးတီးက ဟာလန်းရောက်မလာခင်ကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်တိုက်ရယူထားနိုင်တဲ့အသင်းဆိုပေမဲ့ ဟာလန်း ရောက်လာပြီးနောက်ပိုင်းမှာ ပိုကြောက်စရာကောင်းသွားတယ်လို့ ဆိုရမှာပါ။ ဟာလန်းက တခြားအသင်းတစ်သင်းမှာသာဆို မန်စီးတီးအသင်းမှာလောက် ဂိုးတွေသွင်းနိုင်ပါ့မလားလို့ မသေချာပါဘူး။ ဒါပေမဲ့ မန်စီးတီးမှာတော့ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက် ဖြစ်လာပါတယ်။ ပြိုင်ဘက်အသင်းတွေတိုင်းမှာ သူ့လိုတိုက်စစ်မှူး မရှိခြင်းက အားနည်းချက်လို ဖြစ်စေခဲ့ပါတယ်။ သူက ပထမဆုံးပွဲဦးထွက်ရာသီမှာပဲ ၃၆ ဂိုး သွင်းပြီး ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ် ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဝေဖန်မှုတွေရှိခဲ့ပေမဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကိုတော့ မလွတ်တမ်း ရယူနိုင်ခဲ့တာပါပဲ။

 

Most Read

Most Recent