ဂျော်အိုဖေးလစ်နဲ့ ချယ်လ်ဆီးတိုက်စစ်အတွက် အဖြေတစ်ခု

ဂျော်အိုဖေးလစ်နဲ့ ချယ်လ်ဆီးတိုက်စစ်အတွက် အဖြေတစ်ခု
Photos: AFP
Photos: AFP
Published 31 August 2024
AK

ဂျော်အိုဖေးလစ်က "ချယ်လ်ဆီးထက် ပိုကောင်းတဲ့နေရာ မရှိနိုင်ဘူး"လို့ ပြောလိုက်ပါတယ်။ အဲဒီစကားက ဒီပလိုမေဆီဆန်ပါလိမ့်မယ်။ အသင်းသစ်ကိုရောက်လာတဲ့ ကစားသမားတိုင်း ပြောနေကျစကားမျိုးပဲ။ "ဒီအသင်းလောက်ကောင်းတဲ့အသင်း မရှိနိုင်ဘူး" Blah Blah ပေါ့။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ ချယ်လ်ဆီးရပ်ဝန်းဆီ ဂျော်အိုဖေးလစ်ရောက်လာဖူးတယ်။ အငှားကစားသမားအဖြစ်ကျင်လည်ဖူးတယ်။ အဲဒီအချိန်တုန်းက ဂျော်အိုဖေးလစ်ရဲ့ဖြစ်တည်မှုက ခမ်းခမ်းနားနား မဟုတ်ပါဘူး။ ချယ်လ်ဆီးကလည်း ယိမ်းယိုင်နေချိန်ဖြစ်လို့ ပျော်ရွှင်စရာရေစက်မဖြစ်ခဲ့ဘူး။ အခုတစ်ခါ ချယ်လ်ဆီးရပ်ဝန်းဆီ ဂျော်အိုဖေးလစ်ရောက်လာခဲ့ပြန်ပြီ။ အငှားစာချုပ်နဲ့မဟုတ်ဘဲ အပြီးသတ်စာချုပ်နဲ့ရောက်လာခဲ့တာပါ။ ချယ်လ်ဆီးတိုက်စစ်မှာ ကစားသမားအရင်းအမြစ် ပေါကြွယ်ဝပေမယ့် ထက်မြက်စွမ်းအင် မရသေးဘူး။ တော့ဒ်ဘိုလီရဲ့ ဝယ်လို့မဆုံးမူဝါဒကြောင့် ချယ်လ်ဆီးမှာကစားသမားတွေအဆမတန်ဖောင်းပွနေပါတယ်။ ဂျော်အိုဖေးလစ်ကလည်း ချယ်လ်ဆီးမလိုအပ်ဘဲ သိမ်းပိုက်ခဲ့တဲ့အပိုလူပဲလား။ ဂျော်အိုဖေးလစ်ကြောင့် ချယ်လ်ဆီးတိုက်စစ် ဘယ်လောက်အကျိုးရှိမလဲ။

 

Most Read

Most Recent