လားရှိုးမြို့တွင် MNDAA အဖွဲ့က ၎င်းင်းတို့အဖွဲ့အလံနှင့် အထူးဒေသ(၁)အလံအပြင် မြန်မာနိုင်ငံအလံအား ပြန်လည်လွှင့်ထူထား

လားရှိုးမြို့တွင် MNDAA အဖွဲ့က ၎င်းင်းတို့အဖွဲ့အလံနှင့် အထူးဒေသ(၁)အလံအပြင် မြန်မာနိုင်ငံအလံအား ပြန်လည်လွှင့်ထူထား
Published 30 August 2024

လားရှိုးမြို့တွင် MNDAA အဖွဲ့က ၎င်းင်းတို့အဖွဲ့အလံနှင့် အထူးဒေသ()အလံအပြင် မြန်မာနိုင်ငံအလံအား ယခုရက်ပိုင်းအတွင်း ပြန်လည်လွှင့်ထူထားကြောင်း လားရှိုးမြို့တွင်း နေထိုင်သူအချို့၏  လူမှုကွန်ရက်တွင် ဖော်ပြမှုအရ သိရသည်။

 MNDAA အဖွဲ့အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများဖော်ဆောင်ပြီး မြို့များသိမ်းယူရာတွင် မြန်မာနိုင်ငံတော်အလံကို ဖြုတ်ချကာ ၎င်းင်းတို့၏အလံများကို လွှင့်ထူမှုများပြုလုပ်ခဲ့ကြသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလတွင် လောက်ကိုင်၊ ချင်းရွှေဟော်၊ ကြူကုတ်၊ သိန္နီ၊ ကွမ်းလုံ စသည့်မြို့များကို MNDAA အဖွဲ့က တိုက်ခိုက်သိမ်းယူစဉ်က မြန်မာနိုင်ငံအလံများ ဖြုတ်ချမှုများ ပြုလုပ်ခဲ့သည့်အပြင် MNDAA အဖွဲ့ဝင်အချို့က မြန်မာနိုင်ငံအလံအား နှိမ့်ချသည့်အပြုအမူများပြုလုပ်သည့် ရုပ်သံဖိုင်အချို့လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများရှိခဲ့သည်။

သို့ရာတွင်  MNDAA အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလတွင် ကိုးကန့်ဒေသနှင့် သက်ဆိုင်ခြင်းမရှိသည့် လားရှိုးမြို့အား တိုက်ခိုက်သိမ်းယူပြီးချိန်တွင်လည်း မြန်မာနိုင်ငံအလံအားဖြုတ်ချကာ ယခင်တပ်မတော်အစိုးရလက်ထက်က ကိုးကန့်ဒေသအား သတ်မှတ်ခေါ်ဝေါ်သည့် အထူးဒေသ()အတွင်း လားရှိုးမြို့အား ထည့်သွင်းပြီး အထူးဒေသ()အလံနှင့် MNDAA အဖွဲ့အလံကို လွှင့်ထူခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ စတင်လည်ပတ်ရန်လုပ်ဆောင်နေကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း တပ်မတော်က လားရှိုးမြို့အား ပြန်လည်တိုက်ခိုက်သိမ်းယူရန်နှင့် လားရှိုးဒေသခံများနေရပ်ပြန်၍ နေထိုင်ခြင်းမပြုရန် တပ်မတော်ထောက်ခံ သူအချို့က တောင်းဆိုရေးသားမှုများရှိသကဲ့သို့  တပ်မတော်ကလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လားရှိုးတွင် လေကြောင်းကင်းထောက်မှုများရှိခဲ့ကြောင်း သိရသည်။

MNDAA အဖွဲ့က လားရှိုးမြို့ တွင် လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်နေပုံများ၊  စျေးရောင်းချနေပုံများ၊ လားရှိုးဆေးရုံကြီးတွင် ဆေးကုသပေးနေပုံများဖြင့် အုပ်ချုပ်ရေးလုပ်ငန်းလည်ပတ်နေပုံကို သတင်းထုတ် ပြန်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကာ ယခုအခါမြန်မာနိုင်ငံအလံအား ပြန်လည်လွှင့်ထူမှုပြု လုပ်လာခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် လွှင့်ထူထားသည်ကို ကွဲကွဲပြားပြား မသိရပေ။

MNDAA အဖွဲ့ဝင်တစ်ဦးက  မြန်မာနိုင်ငံဖြစ်၍ မြန်မာနိုင်ငံအလံတင်ထားခြင်းဖြစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုမှာ ကံတရားသာဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

 လက်ရှိအချိန်တွင် လားရှိုးဒေသခံအများစုမှာနေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

လားရှိုးမြို့သို့ နေရပ်ပြန် နိုင်ခြင်း မရှိသေးသည့် စစ်ရှောင်တစ်ဦးကကိုးကန့် တွေက ဒေသခံတွေပြန်လာဖို့ ဆက်တိုက်စည်းရုံးနေတဲ့သဘောလို့ထင်တယ်။ အစိုးရနဲ့ သူတို့အကြား ဘာမှတရားဝင် ကတိကဝတ်တွေ လုပ်ထားတာလည်း မတွေ့ရဘူး။အဲဒီတော့ တိုက်ပွဲဖြစ်တာမျိုး၊ လေကြောင်းကနေ တိုက် ခိုက်လာတာမျိုးတွေမရှိဘူးလို့ မပြောနိုင်တော့ အများစုကမပြန်ရဲကြဘူး။ မြို့ကမထွက်ဘဲ ကျန်ခဲ့တဲ့သူနဲ့ အနီးအနားမှာပဲ တိမ်းရှောင်ခဲ့သူတွေက ပြန်တယ်လို့ကြရတယ်။  စျေးတွေပုံမှန်ရောင်းနေကြတယ်။ ပုံမှန်စျေး ဆိုတာ စျေးကြီးမှာရောင်းနေတာမဟုတ်ဘူး။ လမ်းဘေးမှာပေါ့။ ရပ်ကွက်()စျေးမှာလည်း ရောင်းတယ်။ မန်ဆူစျေးမှာလည်းရောင်းတယ်။ စျေးဆိုင်ဖွင့်ပြီး ရောင်းတာမျိုးမဟုတ် ဘူး။ စျေးဘေးမှာရောင်းတာပေါ့။ မန်ဆူစျေး ဘေးမှာရောင်းတဲ့သူတွေကို ကိုးကန့်တွေက စျေးထဲဝင်ရောင်းခိုင်းတာမျိုးတော့ရှိတယ်။ အိမ်ဆိုင်တစ်ချို့တော့ ပြန်ဖွင့်တာတွေလည်းရှိတယ်ဟု ပြောကြားသည်။

လားရှိုးမြို့သည် ရှမ်းပြည်နယ်၏ ပြည်နယ်အဆင့်ရုံးခွဲများ ရုံးထိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၏ အဓိကအုပ်ချုပ်ရေးမြို့ဖြစ်ကာ လားရှိုးမြို့နယ်အတွင်း မြို့ပေါ်တွင် ရှမ်း၊ ဗမာနှင့် ကချင်တို့သာ အများဆုံးနေထိုင်ကြပြီး ကိုးကန့်လူမျိုးများနေထိုင်ခြင်းသည် ၂၀ ရာ ခိုင်နှုန်းပတ်ဝန်းကျင်သာရှိသည့်အပြင် ကိုး ကန့်လူမျိုး အများစုသည် လားရှိုးရှိကျေးရွာများတွင်သာ နေထိုင်ကြကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲ၊ သီပေါမြို့နယ်များတွင်လည်း ပလောင်လူမျိုးများနေထိုင်မှုသည် ၁၅ ရာခိုင်နှုန်းပတ်ဝန်းကျင်သာရှိပြီး နောင်ချိုမြို့နယ်တွင် ရှမ်း၊ ဗမာ၊ ဓနုလူမျိုးများသာ အများဆုံးနေထိုင်ကြကာ ပလောင်လူမျိုးနေထိုင်မှုသည် တစ်-ရာခိုင်နှုန်းခန့်ပင်မရှိကြောင်း သိရသည်။

တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သြဂုတ် ၁၄ ရက်က လာရောက်ခဲ့ပြီး ယင်းခရီးစဉ်အပြီး ၁၀ ရက် ခန့်အကြာတွင်  MNDAA အဖွဲ့ထိန်းချုပ်ဒေသနှင့် ဆက်စပ်နေသည့်ဒေသရှိ နယ်စပ်ဂိတ်အချို့အား တရုတ်ဘက်မှ ပိတ်လိုက်သည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည်။

လတ်တလောတွင် တရုတ်နိုင်ငံအနေ ဖြင့်  “ဒေသ၏အဓိက နေရာများဖြစ်သည့် ပန်ဆန်းရှိ တရုတ်နိုင်ငံအတွင်း ဝင်ထွက်ဂိတ်များအား ပိတ်ပင်ခြင်းမရှိဘဲMNDAA ထိန်းချုပ်ထားသည့် ချင်းရွှေ ဟော်နှင့် နယ်မြေထိစပ်နေသည်အဖွဲ့ထိန်းချုပ်ထားသည့်ဒေသရှိ တရုတ်နယ်စပ်ဂိတ် အချို့အား ရုတ်နိုင်ငံဘက်မှ ယခုရက်ပိုင်း အတွင်းပိတ်ခဲ့ကြောင်းသိရသည်။

ယင်းသို့ဂိတ်ပိတ်ခြင်းသည်အဖွဲ့ အား ဖိအားပေးခြင်းထက် တရုတ်နိုင်ငံအနေ ဖြင့် MNDAA အဖွဲ့ အပေါ် ဖိအားပေးခြင်းမျိုးဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် လားရှိုးမြို့တွင် MNDAA အဖွဲ့က ဝင်ရောက် တိုက်ခိုက်သည့်ကာလအတွင်းကလည်း ကိုးကန့်ဒေသရှိ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်မှ ဝင်ထွက်ခွင့်ပိတ်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပြီး ယခုပြန်လည်ဖွင့်လှစ်ခြင်း  ရှိ မရှိ သီးခြားအတည်မပြုနိုင်သေးပေ။

လားရှိုးမြို့တွင် MNDAA အဖွဲ့က ဝင်ရောက် တိုက်ခိုက်သည့်ကာလအတွင်းအဖွဲ့သည် လားရှိုးမြို့အတွင်းရောက်ရှိလာပြီး အဆိုပါ တိုက်ပွဲများအတွင်းအဖွဲ့ပါဝင်ခြင်း ရှိ မရှိ မသိရသော်လည်း လက်ရှိအချိန်ထိအဖွဲ့အနေဖြင့် လားရှိုးမြို့တွင် ဝင်ရောက်နေရာယူထားသည့် အခြေအနေဖြစ်သည်။

MNDAA အဖွဲ့က လားရှိုးမြို့ တွင် မြန် မာနိုင်ငံလွှင့်ထူလာခြင်းသည်အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့နှင့် အလားတူ လုပ်ဆောင် သည့်ပုံစံဟုဆိုနိုင်ပြီးအဖွဲ့နှင့် မိုင်းလားအဖွဲ့တို့သည့် တပ်မတော်နှင့် အပစ်အခတ် ရပ်စဲပြီး နှစ်ပေါင်း ၃၀ ကြာ သီးခြားအုပ်ချုပ်မှုပုံစံဖြင့် ရပ်တည်နေသော်လည်း ၎င်းင်းတို့အဖွဲ့ အလံများအပြင် မြန်မာနိုင်ငံ၏အလံများကို လွှင့် သုံးစွဲလျက်ရှိသည်။

               

Most Read

Most Recent