တန်ဟက်ဂ်အား နည်းပြရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် ဇီဒန်းကို အစားထိုးခန့်အပ်ရန် မန်ယူဂန္ထဝင် ဒွိုက်ယော့ခ် တိုက်တွန်း

တန်ဟက်ဂ်အား နည်းပြရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် ဇီဒန်းကို အစားထိုးခန့်အပ်ရန် မန်ယူဂန္ထဝင် ဒွိုက်ယော့ခ် တိုက်တွန်း
Photo: Daily Mail
Photo: Daily Mail
Published 29 August 2024

 

မန်ယူဂန္ထဝင် ဒွိုက်ယော့ခ်က လက်ရှိအသင်းနည်းပြ တန်ဟက်ဂ်အား ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် ရီးယဲလ်နည်းပြဟောင်း ဇီဒန်း ကို အစားထိုးခန့်အပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်တွင် ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရပ်တည်မှုနှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ယခုနွေတွင် ကစားသမားသစ်များစွာ ခေါ်ယူခဲ့သည်။ သို့သော် မန်ယူအသင်း သည် ယခုရာသီအစမှာပင် ခြေစွမ်းမ တည်ငြိမ်မှုနှင့်ရင်ဆိုင်နေပြီး အဖွင့်ပွဲ တွင် ဖူလ်ဟမ်ကို (၁-၀)ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း ပွဲစဉ်(၂) တွင် ဘရိုက်တန်ကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။  

ထို့ကြောင့် မန်ယူနည်းပြ တန်ဟက်ဂ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ ဒွိုက်ယော့ခ်က ၎င်းကိုရာထူးမှထုတ်ပယ်ရန် မန်ယူအသင်းကို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒွိုက်ယော့ခ်က "တန်ဟက်ဂ် က နည်းပြကောင်းတစ်ဦးပါ။ ဒါပေမဲ့ နည်းပြကောင်းနဲ့ ထိပ်တန်းနည်းပြတို့အကြား ကွာခြားမှုရှိပါတယ်။ မန်ယူက ထိပ်တန်းနည်းပြလိုအပ်နေတာပါ။ ထိပ်တန်းနည်းပြမရမချင်း မန်ယူ ရုန်းကန်နေရဦးမှာပါပဲ။ မန်ယူနဲ့ကိုက်ညီမယ့် နည်းပြရှိပါတယ်။ သူက ဇီဒန်းပါပဲ။ တန်ဟက်ဂ်က ထိပ်တန်းကစားသမားတွေကိုမဆွဲဆောင်နိုင်ပေမဲ့ ဇီဒန်းက ဆွဲဆောင်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဒွိုက်ယော့ခ်က မန်ယူအသင်း ရလဒ်ဆိုးရွားနေပါက တန်ဟက်ဂ်အနေနဖြင့် ရာထူးမှထုတ်ပယ်ခံရလိမ့်မည်ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent