ယူအက်စ်အိုးပင်းအကြိုလေ့ကျင့်မှုအစီအစဉ်တွင် အယ်လ်ကာရက်ဇ် ခြေချင်းဝတ်ဒဏ်ရာရရှိ

ယူအက်စ်အိုးပင်းအကြိုလေ့ကျင့်မှုအစီအစဉ်တွင် အယ်လ်ကာရက်ဇ် ခြေချင်းဝတ်ဒဏ်ရာရရှိ
Photo : Getty Images
Photo : Getty Images
Published 26 August 2024

စပိန်လူငယ်တင်းနစ်သမားကားလို့စ် အယ်လ်ကာရက်ဇ်သည် ယူအက်စ်အိုးပင်းဂရင်းစလင်းပြိုင်ပွဲအကြို လေ့ကျင့်မှုအစီအစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အယ်လ်ကာရက်ဇ် (၂၁ နှစ်)သည် သြဂုတ် ၂၄ ရက်က လက်ပြန်ရိုက်ချက် လေ့ကျင့်မှုပြုလုပ်စဉ် ယာဘက်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် အယ်လ်ကာရက်ဇ်သည် ခုံတန်း၌ သွားထိုင်နေခဲ့ပြီး လေ့ကျင့်မှုဆက်မလုပ်နိုင်ဘဲ ရပ်နားခဲ့ရသည်။ သို့သော် ၎င်းက စိုးရိမ်စရာမရှိကြောင်းနှင့် ယူအက်စ်အိုးပင်းပြိုင်ပွဲအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားသည်။

"အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ လေ့ကျင့်မှုကို ရပ်နားလိုက်တာက ကြိုတင်ကာကွယ်မှုအနေနဲ့ပါ။ ပိုဆိုးသွားရင် ဆက်လေ့ကျင့်ဖို့ အဆင်မပြေပါဘူး။ ဒါပေမဲ့ နာရီနည်းနည်းအကြာမှာ ခံစားချက်က ကောင်းနေပါသေးတယ်။ မနက်ဖြန်ကျရင် အဲဒီအကြောင်းမစဉ်းစားဘဲ ၁၀၀ ရာခိုင်နှုန်း ပြန်လေ့ကျင့်ဖို့ ကျွန်တော်ကြိုးစားမှာပါ။ ဒါပေမဲ့ ဒီနေ့တော့ ဂရုစိုက်ရပါမယ်။ ယူအက်စ် အိုးပင်းမှာ ယှဉ်ပြိုင်ဖို့အတွက် မစိုးရိမ်ပါဘူး။ ကျွန်တော် ဒေါသထွက်တာက လေ့ကျင့်မှုကို မရပ်လိုက်ချင်လို့ပါ။ ဘယ်လေ့ကျင့်မှုကိုမှ ကျွန်တော်မရပ်ချင်ဘူး။ ကျွန်တော်လေ့ကျင့်ချင်တယ်။ ပိုကောင်းချင်တယ်။ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေချင်တယ်" ဟု ၎င်းက ဆိုသည်။

ယူအက်စ်အိုးပင်းပြိုင်ပွဲကို သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။

Most Read

Most Recent