ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ စျာပန မိုင်းလားတွင် ပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ စျာပန မိုင်းလားတွင် ပြုလုပ်
Published 24 August 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ စျာပနကို သြဂုတ် ၂၃ ရက်တွင် မိုင်းလားမြို  ၌ ပြုလုပ်ခဲ့သည်။ မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ၏ ရုပ်အလောင်း သယ်ဆောင်ရာ လမ်းတစ်လျှောက်တွင် မိုင်းလားတပ်ဖွဲ့ ဝင်များနှင့် ဒေသခံ အများအပြား လိုက်ပါပို့ဆောင်ပေးခဲ့သည်။

အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့်စည်း လုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် လူကြီးရောဂါဖြင့် သြဂုတ် ၇ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၀ မိနစ်တွင် နေအိမ်၌ ပင် ဘဝတစ်ပါးသို့ ကွယ်လွန်အနိစ္စရောက် ခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် (၇၆) နှစ်ရှိပြီ ဖြစ်သည်။

ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းအတွက် ကြီးမားသည့် ပါဝင်ပံ့ပိုးမှုများပြုခဲ့သူ၊ ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ကို တည်ထောင်သူ၊ အထူး ဒေသ(၄)၏ ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုးရေး လမ်းစဉ်ကို ချမှတ်ဦးဆောင်လမ်းပြတည် ဆောက်ခဲ့သူ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကို အကောင်အထည်ဖော်ခဲ့သူ၊ ရှမ်းအရှေ့ မြန်မာ-တရုတ် နယ်စပ်၏ တည် ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက် သူ ဥက္ကဋ္ဌကြီး ဦးစိုင်းလင်း ကွယ်လွန်မှုသည်  မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြီး မားသည့် ဆုံးရှုံးနစ်နာမှုတစ်ရပ်ဖြစ်သလို၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊အထူးဒေသ (၄) ၏ တိုင်းရင်းသားလူမျိုးစု ပြည်သူလူထုတစ်ရပ် လုံးနှင့် ရှမ်း/ရှေ့ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်ဖွဲ့အတွက်လည်း အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ကြောင်း စျာပနကျင်း ပရေးကော်မတီက ထုတ်ပြန်ခဲ့သည်။ 

ဦးစိုင်းလင်းသည် ကိုးကန့်အဖွဲ့    NDAA  တည်ထောင်ခဲ့သူ ဖုန်ကြားရှင်၏ သား မက်တော်စပ်သူဖြစ်သူကာ  လက်ရှိ NDAA ခေါင်းဆောင် ဖုန်းတာရွှင်နှင့် ယောက်ဖတော် စပ်သူဖြစ်သည်။

ဗမာပြည်ကွန်မြူစနစ်ပါတီ (ဗကပ) ၈၁ -၅ စစ်ဒေသ၏ တပ်မှူးတစ်ဦးဖြစ်ခဲ့သည့် ဦး စိုင်းလင်းသည် ၁၉၈၉ ခုနှစ် ဇွန် ၃၀ ရက်တွင် ဗကပမှခွဲထွက်၍ အမျိုးသားဒီမိုကရေစီမ ဟာမိတ်တပ်မတော်ကို တည်ထောင်ကာ တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။         

ထို့နောက် ဦးစိုင်းလင်းဦးဆောင်သည့် NDAA ထိန်းချုပ်ထားသည့် မိုင်းလားဒေသ ကို ထိုစဉ်က တပ်မတော်အစိုးရက ရှမ်းပြည် နယ် အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့ ကာ လက်ရှိအချိန်ထိ မိုင်းလား၊ ဆီလူး၊ နမ့် ပန်းဒေသများကို NDAA က ထိန်းချုပ်ထား သည်။

        

    

 

Most Read

Most Recent