ယာဂန်ကလော့ပ်လို နည်းပြ

ယာဂန်ကလော့ပ်လို နည်းပြ
Photo : Getty Images
Photo : Getty Images
Published 19 August 2024
AK

ပရီးမီးယားလိဂ်မှာ ဂျိမ်းစ်မီလ်နာ ပထမဆုံးပွဲထွက်ကစားတော့ ဘရိုက်တန်နည်းပြ ဖေဘီယန်ဟာဇယ်လာရဲ့ အသက်က (၉)နှစ်ပဲရှိသေးတယ်။ အခု မီလ်နာနဲ့ ဟာဇယ်လာက ဘရိုက်တန်မှာ ရေစက်ပြန်ဆုံတယ်။ ဘရိုက်တန်အသင်းမှာ နည်းပြ ဟာဇယ်လာထက် အသက်ပိုကြီးတဲ့ကစားသမား  (၆)ဦးအထိရှိနေပါတယ်။ အခုမှ အသက် (၃၁)နှစ် နဲ့ (၁၇၃)ရက်သာရှိသေးတဲ့ ဟာဇယ်လာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး  Permanent နည်းပြ ဖြစ်လာခဲ့တယ်။ အသက်ငယ်ပေမယ့် ပါရမီမငယ်တဲ့ ဟာဇယ်လာက ပထမဆုံး ပရီးမီးယားလိဂ်စွန့်စားခန်းမှာ နိုင်ပွဲနဲ့အတူ လှပခဲ့ပါပြီ။

 

Most Read

Most Recent