မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စီဝန်ချုပ်အဖြစ်တာဝန်ထမ်းဆောင်မည့် မစ္စကောင်းဖျင်က ၎င်း၏ခန့်အပ်လွှာအား နိုင်ငံခြားရေးဝန်ကြီးထံ ပေးအပ်

မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စီဝန်ချုပ်အဖြစ်တာဝန်ထမ်းဆောင်မည့် မစ္စကောင်းဖျင်က ၎င်း၏ခန့်အပ်လွှာအား နိုင်ငံခြားရေးဝန်ကြီးထံ ပေးအပ်
Published 13 August 2024

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်တွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စကောင်းဖျင်သည် ၎င်း၏ခန့်အပ်လွှာကို သြဂုတ် ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေအား တွေ့ဆုံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါခန့်အပ်လွှာပေးအပ်မှုတွင် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် တရုတ်ကောင်စစ်ဝန်ချုပ်တို့သည်  မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အပြန် အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များကို အမျိုးသမီးများအား ပြောင်းလဲခန့်အပ်လာသည်ကို တွေ့ရသည်။

လက်ရှိတွင် လစ်လပ်နေသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတာဝန်ကိုလည်း အမျိုးသမီးသံအမတ်တစ်ဦးအား ခန့်အပ်ထားသည်။

Most Read

Most Recent