တနင်္သာရီမြို့နယ်၌ မြစ်ရေကြီးမှုကြောင့် ပိတ်ခဲ့ရသည့် စာသင်ကျောင်း ၅၃ ကျောင်း ပြန်လည်ဖွင့်လှစ်ပြီး တနင်္ဂနွေနှင့် ဥပုသ်ရက်များတွင် အစားထိုးပြန်လည်သင်ကြားမည်

တနင်္သာရီမြို့နယ်၌ မြစ်ရေကြီးမှုကြောင့် ပိတ်ခဲ့ရသည့် စာသင်ကျောင်း ၅၃ ကျောင်း ပြန်လည်ဖွင့်လှစ်ပြီး တနင်္ဂနွေနှင့် ဥပုသ်ရက်များတွင် အစားထိုးပြန်လည်သင်ကြားမည်
တနင်္သာရီမြို့နယ်၌ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-နိုင်ငံပိုင်သတင်းစာ)
တနင်္သာရီမြို့နယ်၌ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-နိုင်ငံပိုင်သတင်းစာ)
Published 11 August 2024

တနင်္သာရီမြို့နယ်တွင် မြစ်ရေကြီးမှု ကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း ၅၃ ကျောင်း ပြန်လည်ဖွင့်လှစ်ပြီး တနင်္ဂနွေနှင့် ဥပုသ်ရက်များ၌ အစားထိုးပြန်လည်သင်ကြားပေးမည်ဖြစ်ကြောင်း သြဂုတ် ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၏ ကြေညာချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီး မှုကြောင့် ပိတ်ထားခဲ့သည် စာသင်ကျောင်း ၅၃ ကျောင်း လက်ရှိတွင် ပြန်လည်ဖွင့်လှစ်ခဲ့ ကြောင်း၊ တနင်္သာရီမြစ်ရေ မြင့်တက်ခဲ့မှု ကြောင့် ယင်းစာသင်ကျောင်းများ ပိတ်ထားခဲ့ ရပြီး သြဂုတ် ၁ ရက်မှစ၍ မြစ်ရေပြန်လည် ကျခဲ့သည့်အတွက် သြဂုတ် ၅ ရက်တွင် စာ သင်ကျောင်း ၂၈ ကျောင်း၊ သြဂုတ် ၆ ရက် တွင် ၁၇ ကျောင်း၊ သြဂုတ် ၇ ရက်တွင် စာသင် ကျောင်း တစ်ကျောင်းနှင့် သြဂုတ် ၈ ရက်တွင် စာသင်ကျောင်းသုံးကျောင်း ပြန်လည်ဖွင့် လှစ်ခဲ့ကာ လက်ရှိတွင် ပိတ်ထားသည့် စာသင် ကျောင်း ၅၃ ကျောင်းစလုံး ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျောင်းများအားလုံး ပြန်လည်ဖွင့် လှစ်နိုင်ပြီဖြစ်၍ ကျောင်းပိတ်ခဲ့သည့် ရက်များ အား ပုံမှန်ကျောင်းပိတ်ရက်များဖြစ်သည့် တနင်္ဂနွေနှင့် ဥပုသ်ရက်များအား အစားထိုး ၍ ပြန်လည်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်း မိုး သည်း ထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုများ ကြောင့် မြို့နယ်အချို့၌ စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း ဧရာဝတီမြစ်ရေမြင့်တက် မှုကြောင့် ယာယီပိတ်ထားသော စာသင် ကျောင်း ၂၄၅ ကျောင်းရှိရာ ဇူလိုင် ၃၀ ရက် အထိ ၁၃၂ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက် အရ သိရသည်။

ဧရာဝတီမြစ်ရေ ကျဆင်းလာမှုကြောင့် ပြန်လည်ဖွင့်လှစ်ခဲ့သည့်ယင်းစာသင် ကျောင်း များမှာ မကွေးမြို့နယ်တွင် ၁၄ ကျောင်း၊ ရေနံ ချောင်းမြို့နယ်တွင် သုံးကျောင်း၊ ချောက် မြို့နယ်တွင် တစ်ကျောင်း၊ မင်းဘူးမြို့နယ်တွင် လေးကျောင်း၊ ပွင့်ဖြူမြို့နယ်တွင် ၁၅ ကျောင်း၊ စလင်းမြို့နယ်တွင် ၁၁ ကျောင်း၊ သရက်မြို့ နယ်တွင် ခြောက်ကျောင်း၊ ကံမမြို့နယ်တွင် ၂၆ ကျောင်း၊ မင်းလှမြို့နယ်တွင် နှစ်ကျောင်း၊ အောင်လံမြို့နယ်တွင် ၁၂ ကျောင်း၊ ဆင်ပေါင် ဝဲမြို့နယ်တွင် ၁၁ ကျောင်း၊ ပခုက္ကူမြို့နယ်တွင် ၁၉ ကျောင်း၊ ဆိပ်ဖြူမြို့နယ်တွင် လေး ကျောင်း၊ ရေစကြိုမြို့နယ်တွင် လေးကျောင်း စုစုပေါင်း ၁၃၂ ကျောင်းဖြစ်ကြောင်း၊ဖွင့်လှစ် ရန်ကျန်ရှိသည့်စာသင်ကျောင်း၁၁၃ ကျောင်း ကိုလည်း မြစ်ရေကျဆင်းပါက ပြန်လည်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ တွင် လည်း မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ် ရေ မြင့်တက်လာသဖြင့် စာသင်ကျောင်း လေးကျောင်း ခေတ္တယာယီပိတ်ထားကြောင်း ဇူလိုင် ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြခဲ့သည်။

အဆိုပါ ခေတ္တယာယီပိတ်ထားသည့် စာသင်ကျောင်းများမှာ ဂုန်မင်းကျေးရွာ အမက အုန်းပင်စုကျောင်း၊ လှည်းဆိပ်ကျေး ရွာ အမက အပင်နှစ်ဆယ်နှင့် အမက အုန်း ပင်စုကျောင်း၊ သဲကုန်းကျေးရွာ အမက သဲ ကုန်း ကျောင်းတို့ဖြစ်ကြောင်း ၊သာပေါင်းမြို့ နယ်တွင်လည်းငဝန်မြစ်ရေကြီးမြင့်၍ ကျောင်း ဝင်းများအ တွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာ ကျောင်းပေါင်း ၂၅ ကျောင်းကို ဇူလိုင် ၂၂ ရက်က စတင်ယာယီပိတ်ထားခဲ့ ကြောင်း သိရသည်။

Most Read

Most Recent