■ PSG အသစ်၊ မျှော်လင့်ချက်အသစ်

■ PSG အသစ်၊ မျှော်လင့်ချက်အသစ်
Photo: Getty Images
Photo: Getty Images
Published 9 August 2024
Phoe Thar

နေမာ၊ မက်ဆီ၊ ဘာပေတို့ရဲ့ ကြယ် (၃)ပွင့် ခေတ်တစ်ခေတ်အလွန်မှာ PSG အသင်းရဲ့အနာဂတ်နဲ့ လားရာအပေါ် စိတ်ဝင်စားမှုတွေ၊ စောင့်ကြည့်မှုတွေ များပြားခဲ့တယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘောလုံးကမ္ဘာရဲ့ ကောင်းပေ့၊ ညွန့်ပေ့ဆိုတဲ့ ကြယ်ပွင့်တွေနဲ့တောင် အရောက်မလှမ်းနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပန်းတိုင်အတွက် PSG အသင်း စိတ်လျှော့လိုက်တာလား။ ဒါမှမဟုတ် အသွင်သစ်၊ အမြင်သစ်၊ စနစ်သစ်နဲ့အတူ အိပ်မက်ပန်းတိုင်ဆီ ပုံစံပြောင်းချီတက်ဖို့ ပြင်ဆင်နေတာလား။ ဘာပဲပြောပြော ရာသီတိုင်းလိုလို ထိပ်တန်းအဆင့်ကြယ်ပွင့်ကစားသမားတွေကို စဉ်ဆက်မပြတ်ခေါ်ယူပြီး ချန်ပီယံလိဂ်ဖလားရဖို့၊ ဥရောပရဲ့ နံပါတ် (၁)အသင်းဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြိုင်ဘက်ကင်းအသင်းဖြစ်အောင် စုဖွဲ့ပြင်ဆင်ခဲ့တဲ့ PSG ရဲ့ ပြောင်းလဲသွားသောလမ်းစဉ်က လာမယ့်ဘောလုံးရာသီသစ်နဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားရဖို့ ဖြစ်လာခဲ့ပါပြီ။

 

Most Read

Most Recent