တင်းနစ်ကစားသမားဘဝမှ အနားယူပြီးနောက် မိသားစုကို ပိုမိုအချိန်ပေးနိုင်ပြီဟု ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး ပြောကြား

တင်းနစ်ကစားသမားဘဝမှ အနားယူပြီးနောက် မိသားစုကို ပိုမိုအချိန်ပေးနိုင်ပြီဟု ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး ပြောကြား
Photos: Getty Images
Photos: Getty Images
Published 7 August 2024

 

၀ါရင့်ဗြိတိန်တင်းနစ်သမား အန် ဒီမာရေးက တင်းနစ်ကစားသမားဘဝမှ အနားယူပြီးနောက် မိသားစုကို ပိုမိုအချိန်ပေးနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါရီအိုလံပစ် အမျိုးသားနှစ် ယောက်တွဲပြိုင်ပွဲ ကွာတားဖိုင်နယ်၌ ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် မာရေး၏ ကစားသမားဘဝ အဆုံးသတ်သွားခဲ့ခြင်းဖြစ်သည်။ အသက်(၃၇) နှစ်ရှိပြီ ဖြစ်သူ မာရေးသည် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ဗြိတိန်ကစားသမား ဒန်အီဗန်စ် နှင့်တွဲဖက်၍ အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှာ ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်ကြောင်း ကြိုတင်ပြောကြားထားခဲ့သည်။ 

မာရေးနှင့် အီဗန်စ်အတွဲ သည် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် သြဂုတ်(၁)ရက်က အမေရိကန်ကစားသမား တေလာဖရစ်ဇ်နှင့် တွမ်မီပေါလ်အတွဲ (ဆီဒင် ၃)နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ၆-၂၊ ၆-၄ ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။ 

"ကျွန်တော့်မိသားစုနဲ့ အတွေ့အကြုံတွေရဖို့ မျှော်လင့်စောင့်စားနေမိပါတယ်။ တင်းနစ်ကြောင့် ကျွန်တော် အချိန်မရှိခဲ့ဘူး။ အပြောင်းအလဲမရှိစွာ သူတို့နဲ့ အိမ်မှာနေဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့် ကျွန်တော် အဝေးကို ထွက်သွားရသလဲဆိုတာလည်း ရှင်းပြစရာ မလိုတော့ဘူး။ သူတို့ဟာ တင်းနစ်ကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို အိမ်ပြန်လာဖို့ အမြဲတောင်းဆိုခဲ့တယ်။ သူတို့နဲ့ အိမ်မှာရှိပြီး သာမန်အရာတွေ လုပ်ဆောင်မယ်။ သူတို့ကို ကျောင်းပို့ကျောင်းကြိုလုပ်မယ်။ ပြီးတော့ အိမ်မှာ ကစားပါ မယ်"ဟု သားသမီးလေးဦး၏ဖခင်ဖြစ်သူ အန်ဒီမာရေးက အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

Most Read

Most Recent