ကာလာဖီအိုရီနဲ့ အာဆင်နယ် အလားအလာ

ကာလာဖီအိုရီနဲ့ အာဆင်နယ် အလားအလာ
Photos: Arsenal
Photos: Arsenal
Published 7 August 2024
Chan Myae

ခံစစ်မှာ တစ်ဦးချင်းလုယူပုံ၊ ဖြတ်တောက်ပုံတွေ ကောင်းမွန်သလို တိုက်စစ်ကို ပံ့ပိုးရာမှာလည်း ထူးချွန်တယ်။ မထင်ရင်မထင်သလို ဘောလုံးသယ်ဆောင်ပြေးထွက်ပြီး ဂိုးဖန်တီးမှုလည်း လုပ်နိုင်တယ်။ ဘောလုံးဖြန့်တာလည်း မာစတာပဲ။ တကယ်တော့ ဒါတွေက မနှစ်က စီးရီးအေမကြည့်လိုက်ရသူတွေအတွက် အချက်ပေးခေါင်းလောင်းသံတီးလိုက်ရုံမျှ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံး ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့်နောက်ခံလူပါ။ လူငယ်လူကြီးရောကြည့်ရင်တောင် အကောင်းဆုံးစာရင်းထဲ ထည့်ထားလို့ရတယ်။ ဘိုလော့ဂ်နာအသင်းရဲ့ သမိုင်းဝင်ချန်ပီယံလိဂ်ဝင်ခွင့်အောင်ပွဲမှာ ကာလာဖီအိုရီက အဓိကအုတ်မြစ် ဖြစ်ခဲ့တယ်။ ကာလာဖီအိုရီ ပါဝင်တဲ့ပွဲတွေမှာ ဘိုလော့ဂ်နာရဲ့ တစ်ပွဲပျမ်းမျှ အမှတ်ယူနှုန်းက ၂ မှတ်ရှိပြီး ကာလာဖီအိုရီ မပါတဲ့ပွဲတွေမှာ အမှတ်ယူနှုန်း ၁.၁ ပဲ ရှိပါတယ်။ ကာလာဖီအိုရီ မပါဝင်တဲ့ ၈ ပွဲမှာ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံးပြီး ၂ ပွဲသာ နိုင်ခဲ့တယ်။ ခံစစ်စွမ်းဆောင်ရည်အပြင် တိုက်စစ်စွမ်းရည်ပါ သိသိသာသာ ကျဆင်းသွားပြီး အသင်းရဲ့ကစားဟန်ကိုပါ ထိခိုက်သွားတယ်။ ဒါတွေက အာတီတာ လိုချင်နေတာနဲ့ ကွက်တိပါပဲ။

 

Most Read

Most Recent