၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ချန်ပီယံ အာဂျင်တီးနားအသင်းမှ ငါးဦးဖြင့် အများဆုံးပါဝင်

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ချန်ပီယံ အာဂျင်တီးနားအသင်းမှ ငါးဦးဖြင့် အများဆုံးပါဝင်
Photo: CONMEBOL Copa América
Photo: CONMEBOL Copa América
Published 3 August 2024

 

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ယင်းကစားသမား ၁၁ ဦးတွင် ချန်ပီယံ အာဂျင်တီးနားအသင်းမှ ငါးဦးဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။

ကိုပါအမေရိကပြိုင်ပွဲမှာ ဇူလိုင် ၁၄ ရက်ကတည်းက ကျင်းပပြီးစီးခဲ့သော်လည်း အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကိုမူ ပြီးခဲ့သည့်ရက်ပိုင်းမှသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ယခုစာရင်းကို (၄-၃-၃) ကစားကွက်ဖြင့် ရွေးချယ်ထားပြီး ချန်ပီယံ အာဂျင်တီးနားအသင်းမှ ဂိုး- မာတီနက်ဇ်၊ နောက်တန်း- ရိုမဲရိုး၊ အလယ်တန်း- ဒီပေါလ်၊ ရှေ့တန်း -လော်တာရိုနှင့် မက်ဆီတို့ ပါဝင်ခဲ့သည်။ မက်ဆီသည် ယခုပြိုင်ပွဲ၌ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင်လည်း ဒဏ်ရာကြောင့် ပွဲချိန်ပြည့်ကစားနိုင်ခြင်းမရှိဘဲ လူစားလဲခဲ့ရသည်။ 

သို့သော် ချန်ပီယံဆုကို နှစ်ကြိမ်ဆက်တိုက်ရရှိစေရန် ဦးဆောင်ပေးနိုင်ခဲ့သဖြင့် အကောင်းဆုံးစာရင်း၌ ရွေးချယ်ခံရခြင်းဖြစ်သည်။

၎င်းတို့အပြင် ဟင်ကာပီ (အီကွေဒေါ)၊ ဒါဗင်ဆန်ဆန်းချက်ဇ်၊ ဟာမီးစ်ရိုဒရီဂွက်ဇ် (ကိုလံဘီယာ)၊  ဂျွန်ဆင် (ကနေဒါ)၊ အူဂါတေ (ဥရုဂွေး)၊ ရာဖင်ညာ (ဘရာဇီးလ်) တို့လည်း ရွေးချယ်ခံခဲ့ရသည်။

အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်း

ဂိုး - မာတီနက်ဇ် (အာဂျင်တီးနား)

နောက်တန်း - ဟင်ကာပီ (အီကွေဒေါ)၊ ဒါဗင်ဆန် ဆန်းချက်ဇ် (ကိုလံဘီယာ)၊ ရိုမဲရိုး (အာဂျင်တီးနား)၊ ဂျွန်ဆင် (ကနေဒါ)

အလယ်တန်း - ဟာမီးစ်ရိုဒရီဂွက်ဇ် (ကိုလံဘီယာ)၊ အူဂါတေ (ဥရုဂွေး)၊ ဒီပေါလ် (အာဂျင်တီးနား)

ရှေ့တန်း - ရာဖင်ညာ (ဘရာဇီးလ်)၊ လော်တာရို၊ မက်ဆီ (အာဂျင်တီးနား)

Most Read

Most Recent