ပါရီအဖော်အချွတ်ကလပ်က သြစတြေးလျအိုလံပစ်အသင်းအား အခမဲ့ဝင်ခွင့်ပြုရန် ကမ်းလှမ်း

ပါရီအဖော်အချွတ်ကလပ်က သြစတြေးလျအိုလံပစ်အသင်းအား အခမဲ့ဝင်ခွင့်ပြုရန် ကမ်းလှမ်း
Photo: Secret Square Instagram
Photo: Secret Square Instagram
Published 29 July 2024

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ အဖော်အချွတ်ကလပ်တစ်ခုက သြစတြေးလျအိုလံပစ်အသင်းတွင် ပါဝင်သူများအား ဝင်ကြေးအခမဲ့ဖြင့် ဝင်ခွင့်ပြုရန် ကမ်းလှမ်းထားကြောင်း သိရသည်။

''Secret Square'' ဟု အမည်ရသည့် အဖော်အချွတ်ကလပ်က ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် သြစတြေးလျအိုလံပစ်အသင်းမှ အားကစားသမား၊ အဖွဲ့ဝင်များနှင့် ဂျာနယ်လစ် မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက်နိုင်ကြောင်း ကမ်းလှမ်းထားခြင်း ဖြစ်သည်။

အဆိုပါကလပ်မှာ အိုလံပစ်အားကစားရွာနှင့် ၁၉ ကီလိုမီတာအကွာတွင်တည်ရှိပြီး အိုလံပစ်ပြိုင်ပွဲအသိအမှတ်ပြုကတ်ပြား ပြသနိုင်ပါက အခမဲ့ဝင်ခွင့်ပြုမည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက TMZ သတင်းဌာနသို့ ပြောကြားသည်။

အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ''Secret Square'' ကလပ်မှ အကသမား ၂၅ ဦး ပါဝင်ဖျော်ဖြေခဲ့သည်။

Most Read

Most Recent