■ ဟန်ဆီဖလစ်ခ်နဲ့ ဘာစီလိုနာအရွေ့

■ ဟန်ဆီဖလစ်ခ်နဲ့ ဘာစီလိုနာအရွေ့
Photo: FC Barcelona
Photo: FC Barcelona
Published 27 July 2024
Hein Thant

ဟန်ဆီဖလစ်ခ်ရောက်လာခြင်းနဲ့အတူ ရာသီသစ်ကိုဘာစီလိုနာဟာ ဂျာမန်နည်းပြတစ်ဦးနဲ့စတင်လျှောက်လှမ်းဖို့ဖြစ်လာခဲ့တယ်။ ဟန် ဆီဖလစ်ခ်ကတော့ အစဉ်အလာစကားတွေချိုချိုနဲ့ပေါ့။ ဘာစီလိုနာဟာ သူ နည်းပြချင်ဆုံးကလပ်အသင်းတစ်သင်းပါ။ ဘာစီလိုနာကိုတာဝန်ယူခွင့်ရလို့ သူ့အတွက်ဘယ်လိုတောင် ကျေနပ်စရာကောင်းခဲ့တာပါဆိုတဲ့ အချိုဆုံးစကားတွေနဲ့ ရာသီသစ်ရှေ့ခရီးကိုဆက်လျှောက်ဖို့ပြင်ဆင်နေပါပြီ။ ဘာစီလိုနာနဲ့ ဂျာမန်နည်းပြတစ်ဦးရဲ့ရှေ့ခရီးဟာ အဆင်ပြေချောမွေ့နေပါ့မလား။ ဟန်ဆီဖလစ်ခ် လက်ထဲမှာ ဘာစီလိုနာကလည်း မတူကွဲပြားပုံတွေနဲ့ ရှေ့ဆက်နိုင်ပါ့မလား။ စိတ်ဝင်စားစရာကောင်းနေတာတော့ အမှန်ပါပဲ။

 

Most Read

Most Recent