ဒမ်ဘီလီအား ပြောကြားခဲ့သည့်မှတ်ချက်အတွက် ဆမ်ပါအိုလီ ပြန်လည်တောင်းပန်

ဒမ်ဘီလီအား ပြောကြားခဲ့သည့်မှတ်ချက်အတွက် ဆမ်ပါအိုလီ ပြန်လည်တောင်းပန်
Photo: Getty Images
Photo: Getty Images
Published 22 July 2024

အာဂျင်တီးနားလက်ရွေးစင်နည်းပြဟောင်း ဆမ်ပါအိုလီက ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီအား ပြောကြားခဲ့သည့် မှတ်ချက်စကားအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ဆမ်ပါအိုလီသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ဒမ်ဘီလီကို အထီးကျန်ဝေဒနာ ခံစားနေရသူတစ်ဦးလို ကစားခဲ့ကြောင်းနှင့် တစ်ဦးတည်း မည်ကဲ့သို့ ခြေစွမ်းပြရမည်ဆိုခြင်းကိုသာ သိရှိသူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် ၎င်းအပေါ် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာခြင်းကြောင့် ဆမ်ပါအိုလီက ''အားလုံးကို ကျွန်တော် တောင်းပန်ပါတယ်။ တစ်ဦးချင်းအပေါ် ပြောချင်ခဲ့တာပါ။ အထီးကျန်ဝေဒနာရှိသူတွေကို မရည်ရွယ်ပါဘူး။ စကားလုံးအသုံးအနှုန်းကို ပိုဂရုစိုက်သွားပါမယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent