■ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ရေပန်းစားနေသည့်  ဂရေဟမ်ပေါ်တာ နည်းပြလောကသို့ ပြန်လာရန်အသင့်ဖြစ်နေပြီဟု ကြုံးဝါး     

■ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ရေပန်းစားနေသည့်  ဂရေဟမ်ပေါ်တာ နည်းပြလောကသို့ ပြန်လာရန်အသင့်ဖြစ်နေပြီဟု ကြုံးဝါး     
Photo: Getty Images
Photo: Getty Images
Published 19 July 2024

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ရေပန်းစားနေသည့် ဘရိုက်တန်နှင့် ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာ က သူသည် နည်းပြလောကသို့ ပြန်လာရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။

    

ဂရေဟမ်ပေါ်တာသည် ချယ်လ်ဆီးအသင်းနည်းပြရာထူးမှ ထုတ်ပယ် ခံခဲ့ရသည့် ၂၀၂၃ ဧပြီလကတည်းက နည်းပြလောကအတွင်းသို့ ပြန်မဝင် ဘဲ အနားယူနေခဲ့ပြီးနောက် ယခုအချိန်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဂရေဟမ်ပေါ်တာက "ကျွန်တော် ဒီစကားပြောတာက အင်္ဂလန် လက်ရွေးစင်အသင်းနည်းပြရာထူးနဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ အင်္ဂလန်အသင်းအတွက် ဂါရတ်ဆောက်ဂိတ် လုပ်ခဲ့တာတွေကို သူ့အတွက် ဂုဏ်ယူမိပါတယ်။ အင်္ဂလိပ်လူမျိုးတစ်ဦးအနေနဲ့ ပြောရရင် သူ လုပ်ခဲ့တာတွေထက် ပိုပြီးဂုဏ်ယူစရာ ကောင်းတဲ့အရာ မရှိတော့ဘူးလို့ ပြောချင်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပတ်သက်ပြီး ကျွန်တော်က ခန့်မှန်းစာရင်းတွေထဲမှာ ပါတယ်ဆို တာကို ကျွန်တော်လည်း ကြားပါတယ်။ တကယ်တော့ ဒီကာလတွေအတွင်းမှာ ကလပ်အသင်း တော်တော်များများနဲ့ ကျွန်တော် စကားတွေ ပြောခဲ့ပေမဲ့ ကျွန်တော် ငြင်းဆန်ခဲ့ပါတယ်။ အခုတော့ နည်းပြ လောကထဲပြန်ဝင်ဖို့ အသင့်ဖြစ်နေပါပြီ"ဟု ပြောကြားခဲ့သည်။

ဂရေဟမ်ပေါ်တာသည် အင်္ဂလန်နည်းပြရာထူးအတွက် နယူးကာဆယ်နည်းပြ အက်ဒီဟောင်းနှင့်အပြိုင် ထိပ်ဆုံးမှ ရေပန်းစားနေသူဖြစ်သည်။ 

Most Read

Most Recent