ဆော်ဒီကို ဘယ်သူတွေ ထပ်ရောက်မလဲ

ဆော်ဒီကို ဘယ်သူတွေ ထပ်ရောက်မလဲ
Photos: AFP
Photos: AFP
Published 17 July 2024
Wai Yan Aung

ပြီးခဲ့တဲ့ အပြောင်းအရွှေ့စျေးကွက်တွေမှာ စီရော်နယ်လ်ဒို၊ နေမာ၊ ဘန်ဇီမာတို့လို ကမ္ဘာကျော်ကစားသမားတွေကို ခေါ်ယူ ပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်ခြင်းခံခဲ့ရတဲ့ ဆော်ဒီ လိဂ်က အဖျားရှူးသွားပြီလို့ လှောင်ပြောင်ခံရမယ့် အခြေအနေမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး။ နောက် ထပ် ထိပ်တန်းကစားသမားတွေ ထပ်ခေါ်ပြီး အရှိန်ထပ်မြှင့်မှာပါ။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ လူသိများ ကျော်ကြားပြီးသားဖြစ်တဲ့ ပရီးမီးယားလိဂ်ကစားသမားတွေက ဆော်ဒီလိဂ်ရဲ့ အဓိကပစ်မှတ်ကစားသမားတွေ ဖြစ်နေပါတယ်။ တချို့ ကစားသမားတွေကို ယူရိုနဲ့ ကိုပါအမေရိကပြိုင်ပွဲကာလအတွင်းမှာပဲ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီလို့လည်း သတင်းထွက်နေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ပရီးမီးယားလိဂ်အပါအဝင် ဥရောပထိပ်တန်းလိဂ်တွေမှာ အကောင်းဆုံးခြေစွမ်း ပြနိုင်နေဆဲဖြစ်တဲ့ ကစားသမားတွေကို ဆော်ဒီလိဂ်က ရအောင်ခေါ်ယူသွားနိုင်မလားဆိုတာပါ။

 

Most Read

Most Recent