ယမားလ်ပေးတဲ့ ဖျော်ဖြေရေးအတွေးနဲ့ အရောင်မှိန် ဘာပေ

ယမားလ်ပေးတဲ့ ဖျော်ဖြေရေးအတွေးနဲ့ အရောင်မှိန် ဘာပေ
Photos:AFP
Photos:AFP
Published 13 July 2024
AK

ဘာပေဆီကမရတဲ့ခံစားချက်မျိုး ယမားလ် ဆီကနေ ရပါတယ်။ ပြင်သစ်အသင်းဆီက မရတဲ့ ဖျော်ဖြေရေး စပိန်အသင်းဆီကနေ ရပါတယ်။ စပိန်နဲ့ ဆီမီးဖိုင်နယ်မတိုင်ခင်အထိ Open Play ကနေ ဂိုးမရတဲ့အထိ ပျင်းရိစရာကောင်းနေတဲ့ ပြင်သစ်ထွက်သွား တာ သိပ်တော့ ဝမ်းနည်းစရာမကောင်းဘူး။ စပိန်ကထိုက်တန်တဲ့အောင်ပွဲရခဲ့တာ ဖြစ်ပြီး ယမားလ်ရဲ့မမေ့နိုင်စရာဂိုးကို မြင်ရတာလည်း အတိုင်းထကျအလွန်ပါ။  ဥရောပရဲ့အကောင်းဆုံးကစားသမားတွေ စီးချင်းထိုးတဲ့ ယူရိုပွဲတော်ကြီးမှာ ယမားလ်က သူ့ပါရမီကို အကောင်းဆုံးပြသထားတာပါပဲ။ ယမားလ်ရဲ့ယိမ်းနွဲ့ကစားဟန်ဟာ အနုပညာဆန်တယ်။ ယမားလ်က ဘယ်ခြေအားသန်ပြီး Skill ကြွယ်ဝသူပါ။ သူ့ကစားဟန်က လာမာစီယာအကယ်ဒမီထွက် ကစားသမားတွေအတိုင်း ဆွဲဆောင်မှုရှိလွန်းတယ်။ တစ်ဦးချင်း ကျော်ဖြတ်ပုံ၊ တိုက်စစ်အမြင်၊ အဆုံးသတ်စွမ်းရည်နဲ့ မြန်နှုန်းမြင့်ကစားဟန် ကောင်းမွန်ထက်မြက်ပါတယ်။ ယမားလ်ကအနာဂတ် Ballon d'Or ဆုရှင်အဖြစ်လည်း နိမိတ်ဖတ်ခံရတယ်။ ဘောလုံးလောကရဲ့ GOAT မက်ဆီက ယမားလ်ကစားတာ ကြည့်ပြီး မက်ဆေ့ချ်ပို့၊ ဂုဏ်ပြုဖူးပါတယ်။

 

Most Read

Most Recent