ရွေးကောက်ပွဲနှင့်ပတ်သက်၍ သန်းခေါင်စာရင်း ကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး  ကန့်သတ်ချက်ရှိသည့်နေရာများ၌ အဖြစ်နိုင်ဆုံး ကောက်ယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲနှင့်ပတ်သက်၍ သန်းခေါင်စာရင်း ကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး  ကန့်သတ်ချက်ရှိသည့်နေရာများ၌ အဖြစ်နိုင်ဆုံး ကောက်ယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 6 July 2024

ရွေးကောက်ပွဲနှင့်ပတ်သက်၍ သန်းခေါင်စာရင်း ကောက်ယူခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကန့်သတ်ချက်ရှိသည့် နေရာများ၌ အဖြစ်နိုင်ဆုံး ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ် သက်၍ ပြောကြားရာတွင် နစက ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။                   

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သည့် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလဆန်းမှစ တင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ် ဆောင်၍ရသည့်နေရာတိုင်း၌ ဆောင်ရွက် သွားမည်ဖြစ်ပြီး လုပ်ဆောင်ရန် ကန့်သတ် ချက်ရှိသည့် နေရာများ၌လည်း အဖြစ်နိုင် ဆုံးကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ က ပြောကြားသည်။

          လိုအပ်ပါက အဆင့်နှစ်ဆင့်ဖြင့် ဆောင် ရွက်နိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသွားသူများကိုလည်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် စာရင်းဇယား ကောက်ယူစိစစ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှသာ မဲစာရင်းများပြုစုရာတွင် မှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ မဲစာရင်း ပြုစုခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

          ထို့ပြင် အဆင့်မြင့်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် အ ရွယ်ရောက်ပြီးသူများအားလုံး ဖွဲ့စည်းပုံအ ခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေတို့နှင့် ပတ် သက်၍သိရှိစေရေး၊ ဥပဒေနှင့်အကျွမ်းတ ဝင်ဖြစ်စေရေးအတွက်လည်း အသိပညာပေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ် ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြား သည်။

          လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုံခြုံမှုရှိ သည့်ဒေသများရှိသကဲ့သို့ အကြောင်းအမျိုး မျိုးကြောင့် တရားဥပဒေစိုးမိုးမှု လျော့ပါး လျက်ရှိသည့် မြို့နယ်များနှင့် ဒေသများလည်း ရှိကြောင်း၊ လူတစ်ဦးချင်းအနေဖြင့် လုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် အတူတကွ ပူး ပေါင်းဆောင်ရွက်မည်ဆိုပါက လုံခြုံရေးဆိုင် ရာကိစ္စများ အားကောင်းလာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

          တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ အဆင့်ဆင့်တို့ တွင် လုံ ခြုံရေးဆိုင်ရာကိစ္စများနှင့်ပတ်သက် ၍ သွားလာဆောင်ရွက်ရာတွင် စနစ်တကျ ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပြီး လုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများအားလုံးက စနစ်တကျ ကြိုတင်ပြင်ဆင်ခြင်းနှင့် စနစ်တ ကျနေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံ ရေးသတိဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွား မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြား သည်။

          ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးနှင့်ပတ်သက်၍ ဘေး ကင်းလုံခြုံစွာဖြင့် စိတ်အေးချမ်းသာစွာ သင် ယူနိုင်ရေးလိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားခွင့် ရရှိရေး အုပ်ချုပ်သူများက ၀ိုင်းဝန်းဆောင်ရွက်ပေးရန် လိုကြောင်းလည်း ၎င်းင်းက ပြောကြားသည်။

          ကျောင်းဖွင့်လှစ်၍ရသည့် ဒေသများ၌ ကျောင်းတက်ရောက်သူများ ရာနှုန်းပြည့် တက်ရောက်နိုင်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် လုံခြုံရေး ဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ၀ိုင်းဝန်းဆောင်ရွက်ပေးမည်ဆိုပါက ကျောင်း သား၊ ကျောင်းသူများ လုံခြုံစိတ်ချစွာ ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းနေရာ ခိုင်နှုန်းများနှင့် တန်းစဉ်ကူးပြောင်းမှုများ တစ်နှစ်ထက် တစ်နှစ် တိုးတက်မှုရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေး ပိုင်းဆိုင်ရာများ တိုးတက်လာမည်ဆိုပါက ဒေသအလိုက် တိုးတက်ရေး၊ နိုင်ငံတိုးတက် ရေးကို များစွာအထောက်အကူပြုမည်ဖြစ် ကြောင်း ၎င်းင်းက ဆက်လက်ပြောကြားသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရတာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလ တစ်လျှောက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်အလိုက် တိုးတက်ပြောင်း လဲမှု ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့သည်များ၊ တိုးတက်မှုများ၊ နိုင်ငံတော်အတွက် စွမ်းစွမ်း တမံကြိုးပမ်းဆောင်ရွက်ခဲ့သူရှိကြောင်း၊ အကြမ်းဖက်ဖျက်ဆီးမှုနှင့် အဖျက်အမှောင့် လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးနစ်နာမှု များကိုလည်း မှန်မှန်ကန်ကန်ဖြင့် စာရင်းပြုစု မှတ်တမ်းထားရှိရန်လိုကြောင်း နစက ဥက္ကဋ္ဌ က ပြောကြားသည်။

          လုံခြုံရေးနှင့်ပတ်သက်၍လည်း အထူး ဂရုပြုဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာန အလိုက် လုံခြုံရေးဆိုင်ရာအချက်အလက်များ မပေါက်ကြားစေရန် အလေးထား ဆောင်ရွက် စေလိုကြောင်းနှင့်  လုံခြုံရေးဆိုင်ရာအချက်အ လက်များ ပေါက်ကြားအောင်ပြု လုပ်သူများ ကို ဖော်ထုတ်၍ အရေးယူဆောင်ရွက်ရမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးချုပ်များက video conferencing ဖြင့်တက်ရောက်ကြကြောင်း သိရ သည်။