အမေရိကန် MMA ကစားသမား မိုက်ကယ်ချန်ဒလာ၏ စိန်ခေါ်မှုကို UFC လိုက်ဝိတ်တန်းချန်ပီယံ မာခါချက်ဗ် လက်မခံဘဲ ချက်ချင်းပယ်ချ

အမေရိကန် MMA ကစားသမား မိုက်ကယ်ချန်ဒလာ၏ စိန်ခေါ်မှုကို UFC လိုက်ဝိတ်တန်းချန်ပီယံ မာခါချက်ဗ် လက်မခံဘဲ ချက်ချင်းပယ်ချ
Photo: Fight Club News
Photo: Fight Club News
Published 6 July 2024

 

UFC လိုက်ဝိတ်တန်းချန်ပီယံ အစ္စလာမ်မာခါချက်ဗ်သည် အမေရိကန် MMA ကစားသမားဖြစ်သူ မိုက်ကယ်ချန်ဒလာ၏ စိန်ခေါ်မှုအား လက်မခံဘဲ ချက်ချင်းပယ်ချခဲ့ကြောင်း သိရသည်။ 

မာခါချက်ဗ်က ချန်ဒလာ၏ကမ်းလှမ်းမှုကို ချက်ချင်းပင်ငြင်းဆန်ခဲ့ကြောင်း သိရသည်။ "ခင်ဗျားက သုံးစားလို့မရတဲ့သူပါပဲ။ ခင်ဗျားရဲ့ အရှင်သခင်(သူ့ကိုယ်သူ ရည်ညွှန်း)ထံက Tweet တစ်ခုပဲ ရမှာပါ။ ပြီးတော့ ခင်ဗျား အဝေးကို ထွက်သွားရလိမ့်မယ်။ ချန် ပီယံတွေဟာ စစ်မှန်တဲ့ ပြိုင်ဘက်ပဲ လိုအပ်ပါတယ်"ဟု တုံ့ပြန်ခဲ့သည်။

အသက်(၃၈)နှစ်အရွယ်ရှိ ချန်ဒလာသည် ပြီးခဲ့သည့်အပတ်က ပြုလုပ်ခဲ့သည့် UFC 303 တွင် နာမည်ကျော် ကစားသမား မက်ဂရီဂေါ်နှင့် ထိုးသတ်ရန် စီစဉ်ထားသော်လည်း မက်ဂရီဂေါ် ခြေချောင်းကျိုးဒဏ်ရာ ရရှိမှုကြောင့် နုတ်ထွက်ခဲ့သဖြင့် ပွဲပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။ 

ချန်ဒလာသည် မာခါချက်ဗ်နှင့် အောက်တိုဘာလအတွင်း ထိုးသတ်သွားရန် ဆန္ဒရှိနေပြီး ယင်းမတိုင်မီ စက်တင်ဘာလ၌ မက်ဂရီဂေါ်နှင့် ပြန်လည်ထိုးသတ်ခွင့်ရရေးမှာ ပထမဦးစားပေးဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် မက်ဂရီဂေါ်နှင့်ပွဲအပြီး ကြံ့ခိုင်မှုပြည့်လျှင် တစ်လအကြာတွင် မာခါချက်ဗ်နှင့် ထပ်မံထိုးသတ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

ချန်ဒလာသည် မက်ဂရီဂေါ်နှင့်ပွဲအား စက်တင်ဘာလ(၁၄)ရက်တွင် လက်စ်ဗီးဂတ်စ်မြို့၌ပြုလုပ်မည့် UFC 306 တွင် ပြန်လည်စီစဉ်ပေးရန် တောင်းဆိုခဲ့သည်။