လီဗာပူးလ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် ဂေါ်ဒွန်ကို အနည်းဆုံး ပေါင်သန်း ၈၀ ရမှ နယူးကာဆယ် ရောင်းထုတ်မည်

လီဗာပူးလ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် ဂေါ်ဒွန်ကို အနည်းဆုံး ပေါင်သန်း ၈၀ ရမှ နယူးကာဆယ် ရောင်းထုတ်မည်
Photo: AFP
Photo: AFP
Published 6 July 2024

 

နယူးကာဆယ်အသင်းသည် လီဗာပူးလ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းတောင်ပံတိုက်စစ်ကစားသမား ဂေါ်ဒွန်အား အနည်းဆုံးပေါင်သန်း ၈၀ ရမှရောင်းထုတ်မည်ဖြစ်ကြောင်း The Athletic က ဖော်ပြခဲ့သည်။ 

အသက် ၂၃ နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဂေါ်ဒွန်သည် ပြီးခဲ့သည့်ရာသီက နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲတွင် ၁၂ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့သူဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် လူးဝစ်ဒီယက်ဇ်ကြောင့် ဂေါ်ဒွန်အား ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

ဂေါ်ဒွန်သည် လီဗာပူးလ်အသင်း၏မြို့ခံပြိုင်ဘက် အဲဗာတန်အကယ်ဒမီထွက်ဖြစ်သော်လည်း လီဗာပူးလ်ပရိသတ်ဖြစ်ကြောင်း ဝန်ခံထားသူဖြစ်သည်။ 

နယူးကာဆယ်အသင်း သည် ယခုနွေတွင် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းအရ အသင်းကစားသမားအချို့ကို ရောင်းထုတ်ရဖွယ်ရှိနေသည်။