အလီဘာဘာသချင်္ာပြိုင်ပွဲ ဆ ဆန်ခါတင် အဆင့်တွင် တရုတ်ဆယ်ကျော်သက်က AI ကိုကျော်ပြီး အဆင့် ၁၂ ရ         

အလီဘာဘာသချင်္ာပြိုင်ပွဲ ဆ ဆန်ခါတင် အဆင့်တွင် တရုတ်ဆယ်ကျော်သက်က AI ကိုကျော်ပြီး အဆင့် ၁၂ ရ         
Published 24 June 2024

ကမ္ဘာတဝန်းမှသချင်္ာပညာရပ်ကို စိတ်ဝင်စားသူများအတွက် ကျင်းပသည့် အလီဘာဘာ သချင်္ာပြိုင်ပွဲတွင် အသက် ၁၇ နှစ်အရွယ်ရှိ တရုတ်ကျောင်းသူကျန်းဖင်က ဆန်ခါတင်အဆင့်၌ AI အဖွဲ့ကိုရော၊  အမ်အိုင်တီ ၊ ပရင်စတန်စသည့် နာမည်ကျော်တက္ကသိုလ်များမှ    ပြိုင်ပွဲဝင်များကိုကျော်ကာ အဆင့် ၁၂ ရခဲ့ သည်။

ဆန်ခါတင်အဆင့်ပါလာသူ ၈၀၁ ဦးထဲ တွင် ကျန်းဖင်တစ်ဦးတည်းသာ သက်မွေးမှု ကျောင်းမှဖြစ်သည်။ သူသည် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ်ရှိ သက်မွေးမှုပညာ သင်ကျောင်းတစ်ခုတွင် ဖက်ရှင်ဒီဇိုင်း ပညာကို သင်ယူနေပြီး လက်ရှိဆိုရှယ်မီဒီယာတွင် လူသိများလျက်ရှိသည်။

ဇွန်၂၂ ရက်က အလီဘာဘာသချင်္ာပြိုင်ပွဲ၏ ဖိုင်နယ်အဆင့်ကို ရှစ်နာရီကြာစစ်ဆေးခဲ့ပြီး ရလာဒ်ကို သြဂုုတ်တွင်  ထုတ်ပြန် ကြေညာမည်။

အမေရိကန်ဒေါ်လာ သုံးသောင်းအထိ ချီးမြှင့်မည်ဟုသိရသည်။ ယခုနှစ်ပြိုင်ပွဲတွင် AI အဖွဲ့များလည်း ဝင်ပြိုင်ခွင့်ပြုခဲ့ပြီး ဖိုင်နယ်အဆင့်ကိုမူ ၎င်းတို့ပါမလာကြပေ။

သချင်္ာအတွက်က သူ့ဝါသနာဟု ကျန်းဖင်က ပြောသည်။ သူ့ကိုစာသင်ပေးသည့် ဆရာဖြစ်သူ၏ တိုက်တွန်းမှုဖြင့် ဝင်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဆရာက ကျန်းဖင်လောက်အမှတ်မကောင်းဘဲ အဆင့် ၁၂၅ သာရခဲ့သည်။

ကျန်းဖင်၏ ထူးချွန်မှုကို အားပေးသည့်အနေဖြင့် ကျန်းစုပြည်နယ်ရှိ မိဘများနေသည့်အိမ်ကို ဂုဏ်ပြုလက်ဆောင်နှင့်ဆုငွေ လာပေးကမ်း သူများလည်းရှိသည်။

ထို့ပြင်ကျန်းဖင်တို့ ဇာတိမြို့၏ ကုန်တိုက်များတွင်လည်း သူ့ပုံများကို  ဂုဏ်ပြုချိတ်ဆွဲထား ကြသည်။             

Ref:AFP

Most Read

Most Recent