ယူရို-၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 22 June 2024

တူရကီ - ပေါ်တူဂီ (စနေည ၁၀း၃၀ နာရီ)

ပေါ်တူဂီအသင်းက ပိုကောင်းတဲ့ စုဖွဲ့မှု၊ ပိုကောင်းတဲ့ က စားသမားတွေနဲ့ ပိုအင်အားကြီးတဲ့အသင်းပါ။ ဒါပေမဲ့ အသင်း လိုက် စုဖွဲ့မှုအားက နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အရမ်းအရေးကြီး ပါတယ်။ ပေါ်တူဂီ ပိုကောင်းတာမှန်ပေမယ့် တူရကီ ခံစစ်က မာ ကျောပြီး အခွင့်အရေး လွယ်လွယ်မပေးတဲ့ ခံစစ်မျိုးပါ။ တိုက်စစ် ပိုင်းလည်း လုပ်ရည်ကိုင်ရည်ရှိတယ်။ ပေါ်တူဂီအသင်းရဲ့ တိုက် စစ်ကစားပုံကလည်း သိပ်အားရစရာမဟုတ်သေးလို့ သရေကျ သွားရင် အံ့သြစရာမရှိဘူး။ 

ဘယ်လ်ဂျီယံ  - ရိုမေးနီးယား (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)

ဘယ်လ်ဂျီယံရဲ့ တိုက်စစ်က အထင်သေးလို့ မရတဲ့ တိုက်  စစ်ပါ။ ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့ တစ်ဦးချင်း စွမ်းရည် တွေကို ပိုင်ဆိုင်ထားတယ်။ မြန်နှုန်းမြင့်တယ်။ ရိုမေးနီးယားရဲ့ စု ဖွဲ့ကစားပုံကိုလည်း လျှော့မတွက်သင့်ပေမယ့် ဘယ်လ်ဂျီယံက အသင်းလိုက်မြန်နှုန်းမြင့်လွန်းတယ်။ အဖွင့်ပွဲတုန်းက ဆလိုဗက် ကီးယားကို မထင်မှတ်ပဲ ရှုံးခဲ့ပေမယ့် ဘယ်လ်ဂျီယံ အနိုင်ရသင့် တဲ့ ခြေစွမ်းမျိုးနဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒီပွဲလည်း သေရေး ရှင်ရေးအခြေအနေမှာ ဘယ်လ်ဂျီယံကိုကြိုက်တယ်။ 

Most Read

Most Recent