Rockstar အမည်ရှိ တစ်ကိုယ်တော်သီချင်းသစ် ဇွန် ၂၇ ရက်တွင် ထွက်ရှိမည်ဟု Blackpink အဖွဲ့ဝင် လီဆာအတည်ပြု

Rockstar အမည်ရှိ တစ်ကိုယ်တော်သီချင်းသစ် ဇွန် ၂၇ ရက်တွင် ထွက်ရှိမည်ဟု Blackpink အဖွဲ့ဝင် လီဆာအတည်ပြု
Photo: Allkpop
Photo: Allkpop
Published 22 June 2024

တောင်ကိုရီးယားနာမည်ကျော် K-Pop အဖွဲ့ Blackpink အဖွဲ့ဝင်လီဆာက ၎င်း၏ တစ်ကိုယ်တော်သီချင်းသစ်ဖြစ်သည့် Rockstar သည် ဇွန် ၂၇ ရက်တွင် ထွက်ရှိလာမည်ဟု အတည်ပြုခဲ့သည်။

လီဆာ၏ စီမံခန့်ခွဲရေးကုမ္ပဏီ Lloud Co က ၎င်း၏လူမှုမီဒီယာအကောင့်တွင်သီ ချင်းသစ်ထွက်ရှိမည့်အကြောင်းကို အတည်ပြုခဲ့ပြီး သီချင်းအမည်ကို အဖြူအမည်းအသုံးပြုထားသည့် ဗီဒီယိုဖိုင်ဖြင့် ဖော်ပြထားသည်။

လီဆာက ယင်းဗီဒီယိုဖိုင်ဖြင့် သီချင်းသစ်ထွက်မည့်အကြောင်း ၎င်း၏ Instagram တွင် မျှဝေထားသည်။

အသစ်ထွက်ရှိမည့် တစ်ကိုယ်တော်သီချင်းသည် ၎င်း၏စီမံခန့်ခွဲမှုကုမ္ပဏီ Lloud Co ဖွင့်လှစ်သည့် ဖေဖော်ဝါရီ နောက်ပိုင်းနှစ်လအကြာတွင် ပထမဆုံးအနေဖြင့်ထွက်ရှိလာခြင်းဖြစ်ကာ နှစ်လအကြာတွင် ၎င်း၏တေးသီချင်းအတွက် ပိုင်ဆိုင်ခွင့်တောင်းဆိုရန်  RCA Record နှင့် လက်မှတ်ရေးထိုးခဲ့သည်။

အတည်ပြုချက်မရရှိမီ လီဆာသည် Tik Tok တွင် ၎င်း၏တစ်ကိုယ်တော်သီချင်းသစ်၏ အရိပ်အမြွက်ကို ချပြခဲ့ပြီး ယင်းသီချင်းထဲတွင်ပါဝင်သည့်စာသားများမှတစ်ခုဖြစ်သော “Baby,I’m a rockstar”ကိုပါ ထည့်သွင်းဖော်ပြခဲ့သည်။

Rockstar သီချင်းနှင့်ပတ်သက်၍ထုတ်ပြန်ထားသည့် ဓာတ်ပုံ၌ လီဆာကိုကြီးမားသော နားကွင်းများ ဝတ်ဆင်ထားပြီးမျက်မှန်တပ်ထားသည်ကို မြင်တွေ့ရသည်။

လီဆာသည်၂၀၁၆  ခုနှစ်သြဂုတ်လတွင် Blackpink အဖွဲ့၏ အဓိကအကသမားတစ်ဦးနှင့် အဓိက ရက်ပ်အဆိုတော်တစ်ဦးအဖြစ် ပွဲဦးထွက်လာခဲ့သည်။

လီဆာသည် တစ်ကိုယ်တော်အယ်လ်ဘမ် Lalisa နှင့်အတူ ၂၀၂၁ ခုနှစ်စက်တင်ဘာလတွင် တစ်ကိုယ်တော်ပွဲဦးထွက်လာခဲ့သည်ဟု Asia News Network တွင် ဖော်ပြထားသည်။

Most Read

Most Recent