ဂယ်လာဂါကိုခေါ်ယူရန်အတွက် အက်သလက်တီကိုအသင်း၏ ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်း ပယ်ချ

ဂယ်လာဂါကိုခေါ်ယူရန်အတွက် အက်သလက်တီကိုအသင်း၏ ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်း ပယ်ချ
Photo: Getty Images
Photo: Getty Images
Published 22 June 2024

 

ချယ်လ်ဆီးအသင်းသည် အသင်းကွင်းလယ်ကစားသမား ဂယ်လာဂါအတွက် စပိန်ထိပ်သီး အက်သလက်တီကိုအသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရသည်။ 

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလ၌ ရောင်းချမည့်ကစားသမားစာရင်းတွင် ဂယ်လာဂါအား ထည့်သွင်းထားကြောင်း သိရသည်။ 

ယင်းအတွက် အက်သလက်တီကိုအသင်းသည် ဂယ်လာဂါအား ခေါ်ယူရန် ပေါင် (၁၈) သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးနည်းပါးသဖြင့် ချယ်လ်ဆီးအသင်းက ပယ်ချခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် ဂယ်လာဂါအတွက် အနည်းဆုံးပေါင်သန်း (၅၀) အလိုရှိနေကြောင်းသိရသည်။

Most Read

Most Recent