အမေရိကန်နှင့် တရုတ်အကြား ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားဆွေးနွေးပွဲ ပြုလုပ်

အမေရိကန်နှင့် တရုတ်အကြား ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားဆွေးနွေးပွဲ ပြုလုပ်
Published 21 June 2024
Ref: Reuters

အမေရိကန်နှင့် တရုတ်အကြား ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလွတ်သဘော ကျင်းပသည့် နျူကလီးယားလက်နက် ဆိုင်ရာ ဆွေးနွေးမှုများကို မတ်လကအတွင်း က ပြန်လည်စတင်ခဲ့သည်ဟု ထိုဆွေးနွေးပွဲ ကို တက်ရောက်ခဲ့သည့် အမေရိကန်ကိုယ်စားလှယ်နှစ်ဦးက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အစိုးရ အရာရှိများနှင့် အစိုးရအရာရှိ မ ဟုတ်သည့် ကိုယ်စားလှယ်များတက်ရောက် သည့် ထိုဆွေးနွေးပွဲတွင် ထိုင်ဝမ် ပဋိပက္ခနှင့် ပတ်သက်ပြီး တရုတ်က အသုံးပြုဖွယ်ရှိသည့် သို့မဟုတ် အသုံးပြုရန် ခြိမ်းခြောက်ထားသည့် နျူကလီးယားလက်နက်များနှင့်ပတ်သက်ပြီး အမေရိကန်၏ စိုးရိမ်မှုများမြင့်တက်ခဲ့ပြီး နောက် တရုတ်ကိုယ်စားလှယ်များက ထိုသို့ စိုးရိမ်မှုများမရှိရန် အာမခံချက်ပေးခဲ့သည်။

ထိုင်ဝမ်နှင့် ပဋိပက္ခဖြစ်ပွားလာပါက တရုတ် အနေဖြင့် နျူကလီးယားလက်နက်များမပါဘဲ သမားရိုးကျလက်နက်များဖြင့် အနိုင်တိုက် ခိုက်နိုင်စွမ်းရှိကြောင်း တရုတ်ကိုယ်စားလှယ် များက အမေရိကန်ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်ဟု Track Two  အမည်ရှိ နျူကလီးယားဆွေးနွေးပွဲကို စီစဉ်ကျင်းပသည့် အမေရိကန်ပညာရှင် ဒေးဗစ် ဆန်တိုရိုက ပြောကြားခဲ့သည်။

Track Two ဆွေးနွေးပွဲ ကို အစိုးရအရာရှိဟောင်းများနှင့် ကျွမ်းကျင် ပညာရှင်များ တက်ရောက်လေ့ရှိပြီး အစိုးရ အချင်းချင်း ဆွေးနွေးမှုများကို Track One ဟု အမည်ပေးထားသည်။

 

Most Read

Most Recent