■ တာချီလိတ်ဒေသတွင် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု သံသယရှိသူ ၁၅၀ ဦးဖမ်းဆီးရမိပြီး ယင်းတို့အနက် ၁၄ ဦးမှာ တရားခံပြေးများဖြစ်

■ တာချီလိတ်ဒေသတွင် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု သံသယရှိသူ ၁၅၀ ဦးဖမ်းဆီးရမိပြီး ယင်းတို့အနက် ၁၄ ဦးမှာ တရားခံပြေးများဖြစ်
■ ပုံစာ - ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုကျူးလွန်သည့် သံသယတရားခံ ၅ ဦးအား တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး)
■ ပုံစာ - ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုကျူးလွန်သည့် သံသယတရားခံ ၅ ဦးအား တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး)
Published 20 June 2024

 

တာချီလိတ်ဒေသတွင် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု သံသယရှိသူ ၁၅၀ ဦးဖမ်းဆီးရမိပြီး ယင်းတို့အနက် ၁၄ ဦးမှာ တရားခံပြေးများဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

တာချီလိတ်ဒေသရှိ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှုလုပ်ဆောင်နေသည့် စခန်း ၁၀ ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေသူ တရုတ်နိုင်ငံသား သံသယတရားခံ ၁၅၀ ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၎င်းတို့အနက် အွန်လိုင်းတရားခံပြေး ၁၄ ဦးပါဝင်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဌာနက ပြောကြားသည်။

အဆိုပါတရားခံများကို မြန်မာမှ တရုတ်သို့ လွှဲပြောင်းပေးခဲ့ပြီး အွန်လိုင်းလိမ်လည်မှုများကို နှစ်နိုင်ငံအစိုးရတိုက်ဖျက်ခြင်းကြောင့် အချို့သောကျားဖျန့်လိမ်လည်သူများသည် တာချီလိတ် အစရှိသည့်ဒေသများသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ မကြာမီရက်များက တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးဌာနနှင့် ရဲဘက်ဆိုင်ရာ တရားဥပဒေပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်၍ ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သော ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု အမြောက်အမြား ဖြစ်ပွားနေသည်ကို အခိုင်အမာ ဟန့်တားရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနနှင့်အတူ ရဲဘက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းမှုများကို ဆက်တိုက် နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ပူးတွဲဆောင်ရွက်ခဲ့ရာ စုစုပေါင်း တရုတ်နိုင်ငံသား သံသယ တရားခံ ၄၉,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သတင်းတွင်ဆက်လက်ဖော်ပြထားသည်။

 

Most Read

Most Recent