ယူရိုပြိုင်ပွဲကိုသာ အာရုံစိုက်ထားသည်ဟု နီကိုဝီလျံစ် ပြောကြား

ယူရိုပြိုင်ပွဲကိုသာ အာရုံစိုက်ထားသည်ဟု နီကိုဝီလျံစ် ပြောကြား
Photos: X
Photos: X
Published 20 June 2024

စပိန်တောင်ပံတိုက်စစ်ကစားသမား နီကိုဝီလျံစ်က လက်ရှိအချိန်တွင် အပြောင်းအရွှေ့ကိစ္စများကို စိတ်မဝင်စားဘဲ ယူရိုပြိုင်ပွဲကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

ဘီလ်ဘာအိုတောင်ပံတိုက်စစ်ကစားသမား နီကိုဝီလျံစ်အား ခေါ်ယူရန် ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။

သို့သော် နီကိုဝီလျံစ်က ''သတင်းတွေကို ကျွန်တော် ဖတ်ရပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော် မသိသေးပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ ယူရိုပြိုင်ပွဲကိုပဲ အာရုံစိုက်ထားပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent