ထိုင်းနိုင်ငံအတွင်းရှိ စူကိုထိုင်း ခရိုင်မှ အယုဒ္ဓယ ခရိုင်သို့ သွားရောက်သည့် တရားမဝင်  မြန်မာအလုပ်သမာများ ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံအတွင်းရှိ စူကိုထိုင်း ခရိုင်မှ အယုဒ္ဓယ ခရိုင်သို့ သွားရောက်သည့် တရားမဝင်  မြန်မာအလုပ်သမာများ ဖမ်းဆီးခံရ 
Published 19 June 2024
ကိုရွှေသိန်း

ထိုင်းနိုင်ငံအတွင်း စူကိုထိုင်ခရိုင်မှ အယုဒ္ဓယ ခရိုင်သို့ သွားရောက်သည့် တရားမဝင်  မြန်မာလုပ်သားများမှာ ဇွန်လ ၁၈ ရက်နေ့ညက ဖမ်းဆီးခံရ ကြောင်းသိရသည်။

တရားမဝင် မြန်မာအလုပ်သမားများကို ကားနှစ်စီးဖြင့် ပို့ဆောင်မည့်သတင်းကို အဝေးပြေး ယာဉ်ထိန်းရဲတပ်ဖွဲ့က ရရှိသဖြင့် စောင့်ဆိုင်းနေစဉ်  အရှိန်ဖြင့် မောင်းနှင်လာသည့်  သံသယ ဖြစ်ဖွယ်ကားနှစ်စီးကို တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးရာ လွတ်ပ်ဘူရီခရိုင် စရဘို့မြို့ နိယုမ်ချိုင်ကျေးရွာအုပ်စု ၇ တွင်  ကားတစ်စီးကို ဖမ်းဆီးရမိကြောင်းသိရသည်။

အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးရာ တရားမဝင်မြန်မာလုပ်သားများကိုတွေ့ရှိ၍ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အခြား မော်တော်ယာဉ် တစ်စီးကိုလွတ်ပ်ဘူရီမြို့နယ် စရဘို့မြို့ နိယုမ်ကျေးရွာအုပ်စု ပီလောပီနံခြံအနီးတွင် ရပ်ထားကြောင်းသိရသဖြင့် မြန်မာအလုပ်သမားများပုန်းအောင်းနေသည့်နေရာများကို ပိတ်ဆို့ ရှာဖွေ ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

ထိုင်းတာဝန်ရှိသူများက ကားသမားအား စစ်မေးရာတွင် တရားမဝင်မြန်မာလုပ်သားများကို ပို့ဆောင်ခအဖြစ် တစ်ခေါက်လျှင် ပို့ဆောင်ခ ဘတ် ၁၅၀၀၀ ရရှိကြောင်း ထွက်ဆိုခဲ့သည်ဟုဆိုသည်။

သက်ဆိုင်ရာ အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့က ကားသမားအပါအဝင် ဖမ်းဆီးခံ မြန်မာလုပ်သားများ အားလုံးကို တရားဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်ရန် ဆက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

Photo - Thai News