ထိုင်းနိုင်ငံတွင် တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၂၀၁၁၁ ဦးအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၂၆၀၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၂၀၁၁၁ ဦးအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၂၆၀၀၀ ကျော် ဖမ်းဆီးခံရ
Published 15 June 2024

ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို ၊ ကမ္ဘောဒီယား၊ ဗီယက်နမ် အပါအတင် တရားမဝင်အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမား ၂၆၀၀၀ ကျော်ကို တစ်ပတ်အတွင်း ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံအစိုးရ၏ တရားမဝင်အလုပ်သမားပပျောက်ရေးစီမံချက်ရက်ပေါင်း(၁၂၀)အရ ပြီးခဲ့သည့် ဇွန် ၅ ရက်မှဇွန် ၁၂ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းရှိ  စက်ရုံ၊အလုပ်ရုံများနှင့်လုပ်ငန်းခွင်ပေါင်း(၁၇၇၄)နေရာတို့ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ တရားမဝင်နိုင်ငံခြားသားအလုပ်သမား အမြောက်အများကို ဖမ်းဆီရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

တရားမဝင်အလုပ်သမားပေပျောက်ရေးစီမံချက်စစ်ဆေးရေးအဖွဲ့က ထိုစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံသား ၂၀၁၁၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၃၉၇၁ ဦး၊ လာအိုနိုင်ငံသား ၁၆၅၉ ‌ဦးနှင့် အခြားနိုင် ငံသား ၄၄၄ ဦး အပါအဝင် စုစုပေါင်းတရားမဝင်နိုင်ငံခြားသားအလုပ်သမား  ၂၆၁၈၉ ဦးတို့သည် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်ခြင်း အထောက်အထားမရှိခြင်းနှင့် အထောက်အထားမပြည့်စုံခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံနိုင်ငံခြားသားအလုပ်သမားများအနက် တရားစွဲဆိုခံထားရသူ ၂၄၀ ဦးတွင်  မြန်မာနိုင်ငံသား ၁၉၀ ဦး၊ လာအိုနိုင်ငံသား ၃၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ရှစ်ဦးနှင့်အခြားနိုင်ငံသား လေးဦးတို့ပါဝင်ကြောင်း သိရသည်။

အခြား ဖမ်းဆီးခံအလုပ်သမားများအား ပြစ်မှုအလိုက် ဒဏ်ငွေရိုက်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းစသည့် အရေးယူမှုများ ပြုလုပ်ဆောင်လျှက်ရှိသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးအနေဖြင့်  အလုပ်နေရာလွဲခြင်းခြင်း၊(သို့) လုပ်ငန်းခွင်၌အလုပ်လုပ်ခွင့်မရှိဘဲ ဝင်ရောက်လုပ်ကိုင် နေစဉ်စစ်ဆေးတွေ့ရှိပါက ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ  ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ အထိ ပေးဆောင်ရမည့်အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်နှစ်နှစ်ပိတ်ခံရမည်ဖြစ်ပြီး မိမိနေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည်ဟုဆိုသည်။

မြန်မာပြည်လုပ်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက “အထောက်အထားမရှိသူရယ်၊ မပြည့်စုံသူကို ထိုင်းလဝကတွေဟာ ဆည်ဝက ဗျိုင်းစောင့်သလို့ဖမ်းဆီးနေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာရွက်စာတမ်းရှိသူနဲ့မပြည့်စုံဘဲ အလုပ်လုပ်ရင်တော့ ထိုင်းဘတ်ငွေ ၅၀၀၀ ကျပ်ကနေ ၅၀၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရမှဖြစ်ပါတယ်။ ဖမ်းဆီးရုံးတင်သူပေါ် မူတည်ပြီး ဘတ် ၅၀၀ နှုန်းနဲ့ဒဏ်ဆောင်ရမယ် ဒဏ်ငွေမပေးနိုင်ရင်တော့ ထောင်ဒဏ်၊ နေရပ်ပြန်ပို့ခံရရင်နှစ်နှစ် ပြန်ဝင်ခွင့်မရှိဘူး။ ပြန်ဝင်လာရင်တော့ ထောင်ဒဏ်နှစ်နှစ်ပြန်ချခံရမယ်။ MoU လုပ်ငန်းစဉ်ဟာ ကြန့်ကြာပေမဲ့ တရားမဝင် မဝင်ရောက်ဘဲ MoU လုပ်သားအဖြစ်သာ ဝင်ရောက်ကြဖို့ တိုက်တွန်း ချင်ပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent