ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲလိုကြောင်း ဂျရူး ပြောကြား

ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲလိုကြောင်း ဂျရူး ပြောကြား
Photo: CentreGoals
Photo: CentreGoals
Published 13 June 2024

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးက ၎င်း၏လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်သည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲလိုကြောင်း ပြောကြားခဲ့သည်။

အသက် (၃၇)နှစ်အရွယ်ရှိ ဂျရူးသည် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူမည်ဟု အတည်ပြုထားသူဖြစ်သည်။

ဂျရူးက ''ကျွန်တော့်ရဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားဘဝကို ဆုဖလားနဲ့အတူ အဆုံးသတ်နိုင်ရင် အရမ်းကောင်းမှာပါ။ ယူရိုချန်ပီယံဆုက ကျွန်တော် လိုအပ်နေတဲ့ တစ်ခုတည်းသော ဆုဖလားလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းအတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ပြီးတော့ ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ လက်ရွေးစင်အသင်းအတွက် သွင်းဂိုး (၆၀) ပြည့်ချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြင်သစ်အသင်းအတွက် သွင်းဂိုး (၆၀) ပြည့်ဖို့ (၃) ဂိုးပဲ လိုအပ်နေတာပါ။ ဒီတော့ သွင်းဂိုး (၆၀)ပြည့်ချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent