ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုခွင့်ကို ဇွန် ၂၁ ရက်မှစ၍ အချိန်တိုးမြှင့် သတ်မှတ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အသိပေး ကြေညာသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုနိုင်ရန် ဇွန် ၂၁ ရက်မှစ၍ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့က ဆိုသည်။
လက်ရှိတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခွင့်ကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။