အိန္ဒိယသရုပ်ဆောင်များဖြစ်သည့် ဆိုနက်ရှီနှင့် ဇဟီးတို့စုံတွဲ ဇွန် ၂၃ ရက်တွင် လက်ထပ်မည်

အိန္ဒိယသရုပ်ဆောင်များဖြစ်သည့် ဆိုနက်ရှီနှင့် ဇဟီးတို့စုံတွဲ ဇွန် ၂၃ ရက်တွင် လက်ထပ်မည်
Photo: The Daily Star
Photo: The Daily Star
Published 11 June 2024

ဘောလိဝုဒ်မင်းသမီး ဆိုနက်ရှီဆင်ဟာနှင့် မင်းသားဇဟီးအစ်ခ်ဘယ်တို့ လာမည့်ဇွန် ၂၃ ရက်တွင် ထိမ်းမြားလက်ထပ်တော့မည်ဖြစ်သည်။သတင်းများအရ မင်္ဂလာပွဲကို မွမ်ဘိုင်းမှာပင် ကျင်းပမည်။

နှစ်ဦးစလုံးသည် ဆယ်လ်မန်ခန်း၏ဇာတ်ကားများတွင် ပွဲဦးထွက်ပါဝင်ကာ ဘောလိဝုဒ်လောကသို့ ရောက်လာကြသည်။ ဆိုနက်ရှီ၏ပွဲဦးထွက်ဇာတ်ကားက ၂၀၁၀ ခုနှစ်ကထွက်သည့် Dabangg ဖြစ်ပြီး ဇဟီးက  ၂၀၁၉ ခုနှစ်မှာမှ Notebook ဇာတ်ကားဖြင့် သရုပ်ဆောင်နယ်ပယ်ကိုဝင်ရောက်လာသည်။ Double XL ဇာတ်ကားတွင် ၎င်းတို့တွဲသရုပ်ဆောင်ထားကြသည်။

ဆိုနက်ရှီသည် မင်းသားဇဟီးနှင့်သတင်းထွက်လာသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူငယ်ချင်းဟုသာ နှစ်ဦးစလုံးကပြောခဲ့သည်။  မနှစ်က ဆိုနက်ရှီ၏မွေးနေ့တွင် ဇဟီးကရုပ်ရှင်ရိုက်ကွင်းမှ အမှတ်တရပုံများ ၊ ၎င်းတို့အပြင်ထွက်စဉ် ရိုက်ကူးထားသည့်ပုံများကို အင်စတာဂရမ်တွင်တင်ကာ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က ဆိုနက်ရှီ၏မွေးနေ့တွင်လည်း ချစ်သူဇဟီးက ၎င်းတို့ဖက်ရိုက်ထားသည့်ပုံနှင့် ဆယ်လ်ဖီဓာတ်ပုံအချို့ကို တင်ခဲ့သည်။

 

Most Read

Most Recent