ရုပ်ရှင်ရိုက်ကူးရေး သက်ရောက်မှုများနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များက Jurassic World ပရိုဂျူဆာများကို သတိပေး

ရုပ်ရှင်ရိုက်ကူးရေး သက်ရောက်မှုများနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များက Jurassic World ပရိုဂျူဆာများကို သတိပေး
Published 10 June 2024

Jurassic World ၏ နောက်ထပ်ရုပ်ရှင်ဇာတ်ကား အသစ်ရိုက်ကူးချိန်တွင် ကမ်းခြေများနှင့်အမျိုး သားဥယျာဉ်များ မပျက်စီးစေရန်အတွက် ထိုင်းတာဝန်ရှိသူများက ပရိုဂျူဆာများကို သတိပေးပြောကြားခဲ့ သည်ဟု သိရသည်။

ဒိုင်နိုဆောရုပ်ရှင်ဇာတ်လမ်းများတွင် ခုနစ်ကားမြောက်ရုပ်ရှင်အဖြစ် ထွက်ရှိလာမည့် ယင်းရုပ်ရှင်တွင် ဟောလိဝုဒ်အကျော်အမော်သရုပ်ဆောင် စကားလတ်ဂျိုဟန်ဆင် ပါဝင်လာသည်ဟု သတင်းများတွင်ဖော်ပြ ထားသည်။

ယခုအချိန်အထိ အမည်အတိ အကျမပေးရသေးဘဲ လာမည့်နှစ်တွင် ရုံတင်ပြသရန် စီစဉ်ထားသည့် ယင်းရုပ်ရှင်ကို ဘန်ကောက်မြို့တော်၊ ခရာဘီ၊ ဖူးခတ်၊ ဖန်းငနှင့် ထရန်းတို့ရှိ အမျိုးသားဥယျာဉ်များတွင် လာမည့်သီတင်းပတ်၌ စတင်ကာ ဇူလိုင်လအထိ ရိုက်ကူးသွားမည် ဖြစ်သည်။

ရိုက်ကူးရေးပြုလုပ်မည့်နေရာများတွင် ထိုင်းနိုင်ငံအနောက်ဘက်ကမ်းလွန်ရှိ ကိုခရာဒန်ကျွန်းနှင့် ခေါင်ဖန်နွန် ဘန်ချာအမျိုးသားဥယျာဉ်ရှိ ဟွေးတူရေတံခွန်လည်း ပါဝင်သည်။

သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ပက်ချာရာဗတ်ဝေါင်ဆူဝမ်က ထိုင်းနိုင်ငံအနေဖြင့် ယင်းရိုက်ကူးရေး လာရောက်လုပ်ဆောင်မှုအပေါ် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

“ဒါပေမဲ့ ရိုက်ကူးရေးအဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာဥပဒေတွေနဲ့ စည်းမျဉ်းတွေကို အတိအကျလိုက် နာဖို့လိုအပ်ပြီး သဘာဝအရင်းအမြစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ပက်ချာရာဗတ်က ဆိုသည်။

လီယိုနာဒိုဒီကာပရီယို၏ လျှို့ဝှက်သည်းဖိုရုပ်ရှင် “The Beach”  ရိုက်ကူးရေးပြီးနောက် နှစ်ပေါင်းနှစ် ဆယ်ကျော်အကြာတွင် ယင်းသတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“The Beach”   ရုပ်ရှင် ရိုက်ကူးရေးသည် ထိုင်းနိုင်ငံတောင်ပိုင်းကို ဖီဖီလာကျွန်း မာယာဘေကမ်းခြေရှိ သန့်ရှင်းသောသဲများအပေါ်သက် ရောက်မှုရှိခဲ့သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent