ရွှေနှင့် ငွေစျေးနှုန်းများကို မဖြစ်နိုင်သည့် စျေးနှုန်းသို့ဆွဲတင်ပြီး တိုင်းပြည်စီးပွားရေး ကျဆင်းစေရန် ဆောင်ရွက်ခြင်းဖြစ်သဖြင့် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သင့်သည့်စျေးနှုန်းသို့ ကျဆင်းလာကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရွှေနှင့် ငွေစျေးနှုန်းများကို မဖြစ်နိုင်သည့် စျေးနှုန်းသို့ဆွဲတင်ပြီး တိုင်းပြည်စီးပွားရေး ကျဆင်းစေရန် ဆောင်ရွက်ခြင်းဖြစ်သဖြင့် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သင့်သည့်စျေးနှုန်းသို့ ကျဆင်းလာကြောင်း နစကဥက္ကဋ္ဌ ပြောကြား
ဇွန် ၇ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)
ဇွန် ၇ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)
Published 8 June 2024

ရွှေနှင့် ငွေစျေးနှုန်းများကို မဖြစ်နိုင်သည့်စျေးနှုန်းသို့ဆွဲတင်ပြီး တိုင်းပြည်စီးပွားရေးကျဆင်းစေရန် ဆောင်ရွက်ခြင်းဖြစ်သဖြင့် လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဖြစ်သင့်သည့်စျေးနှုန်းသို့ ကျဆင်းလာကြောင်း နိိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇွန် ၇ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)တွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ပြီးခဲ့သည့် ဧပြီလအတွင်း ရွှေဈေ းနှင့် ငွေကြေး စျေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာသည်ကို တွေ့ရပြီး ဝိသမ စီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊  ထို့ကြောင့်လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဈေ းနှင့် ငွေကြေးဈေ းများသည့် ရှိသင့်ရှိထိုက်သည့်၊ ဖြစ်သင့်သည့်      စျေးနှုန်းသို့ တဖြည်းဖြည်းကျဆင်း ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်များ ပြိုလဲအောင် လုပ်ဆောင်မှုများနှင့် ငွေကြေး ကမောက်ကမ ဖြစ်အောင်ဆောင်ရွက်ခြင်းများကို မိမိတို့အနေဖြင့် ကြုံတွေ့ခဲ့ရပြီး ထိုသို့သော အခက်အခဲအကျပ်အတည်းများကြားမှ နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်နိုင် ခဲ့ကြောင်း ပြောကြားသည်။

အလားတူ အိမ်ယာမြေဝယ်ယူခြင်းနှင့်ပတ်သက်၍လည်း တရားမဝင်ရရှိလာသည့် ငွေကြေးများဖြင့် ပြည်ပနိုင်ငံများတွင် အိမ်ယာ      မြေဝယ်ယူခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့်စည်းကမ်း ဥပဒေနှင့်အညီ စိစစ်ခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ရွှေနှင့် ငွေကြေးဈေ းနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့် ဈေ းနှုန်းများဖြစ်ပြီး ငွေတန်ဖိုးကျဆင်းစေရေး

ဈေ းနှုန်းများကိုဆွဲတင်၍ တိုင်းပြည်၏စီးပွားရေးကျဆင်းမှုရှိစေရန် ရည်ရွက်ချက်ရှိရှိဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်မည်ဟု မိမိအနေဖြင့်  ထင်မြင်မိကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးကျဆင်းစေရန်ရည်ရွယ်၍ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်နေခြင်းဖြစ်သဖြင့် ငွေဈေ းတည်ငြိမ်ရန် အရေးကြီးကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent