■ ဘာနာဒိုဆေးလ်ဗား ပြောတဲ့ Ballon d'Or နဲ့ ကွင်းလယ်လူတွေရဲ့ အခန်းကဏ္ဍ

■ ဘာနာဒိုဆေးလ်ဗား ပြောတဲ့ Ballon d'Or နဲ့ ကွင်းလယ်လူတွေရဲ့ အခန်းကဏ္ဍ
Photo: Sky Sports
Photo: Sky Sports
Published 6 June 2024
El Nino

တစ်ခါက ဂွါဒီယိုလာ ပြောဖူးတယ်။ ဘာနာဒိုဆေးလ်ဗားဟာ သူ့ဘေးက အသင်းဖော်တွေ အသက်ရှူချောင်ဖို့ ကစားပေးနေတဲ့သူတဲ့။ ဒီစကားက ဘာနာဒိုဆေးလ်ဗားရဲ့ ကစားဟန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အသင်းတွင်းအရေးပါမှုစတဲ့ အရာအားလုံးကို အတိုဆုံး ဖော်ညွှန်းနိုင်တဲ့စကားလို့ထင်တယ်။ မန်စီးတီးလို အသင်းအတွက် နေရာစုံမှာ စတားပလေယာတွေ ပြည့်နှက်နေတယ်။ တစ်ဦးချင်း ကျွမ်းကျင်မှု၊ ကျော်ကြားမှုနဲ့ ချိန်ထိုးကြည့်ရင် တကယ့်ထိပ်တန်းအလွှာက ကစားသမားတွေချည်း စုခေါ် ထားတဲ့အသင်း။ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအတွက် ဘယ်လောက်ပဲ အရေးပါတယ် ပြောပြော၊ ပုံရိပ်အရ တခြားတိုက်စစ်ကစားသမားတွေလောက် မကျော်ကြားတာက လက်တွေ့ကျတဲ့အရာပါ။

 

Most Read

Most Recent